Home
မြန်မာသတင်း
ရွှေကူကျောင်းကြီးကျောင်းတိုက် အုတ်လှေကား ပြုပြင်​နေမှုကို ပြန်ဖျက်ခိုင်း
DVB
·
August 18, 2018
မန္တလေးမြို့ အမရပူရမြို့နယ် မှန်တန်းရပ်ကွက်အတွင်းက ရှေးဟောင်း အမရပူရ ရွှေကူကျောင်းကြီးကျောင်းတိုက်ကြီးရဲ့ အုတ်လှေကားအား အင်္ဂတေများဖြင့် ပြုပြင်​​နေမှုကို ခွင့်ပြုချက်မရှိဘဲ လုပ်ဆောင်​နေတဲ့အတွက် ပြန်ဖျက်ထားဖို့ကို ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (မန္တလေးဌာနခွဲ)ကတာဝန်​ရှိသူ ​ဒေါ်မြင့်​မြင့်​​မော်​က​ပြောပါတယ်။ ​​ရှေးခေတ်အ​ခေါ် ​ရွှေဂူကြီးဖြစ်​ပြီး အခု ​ရွှေကူကြီးကျောင်းတိုက်ကို နိုင်ငံခြားသား ခရီးသွားတွေ လာရောက်လေ့လာကြတဲ့အခါမှာ ကျောင်းတိုက်ပေါ်အတက်အဆင်း ခက်​ခဲ​နေတာ ​ကြောင့်​ အဆင်​ပြေစေရန်အတွက်​ ​စေတနာ​ရှေ့ထားပြီး လုပ်​​ဆောင်​ခဲ့ကာ ပဲ့ကြွေနေတဲ့ ရှေးဟောင်း အုတ်တွေနဲ့ အဂ်​​တေအ​ချောကိုင်​တာဖြစ်တယ်​လို့ ဦးစ​န္ဒောဘာသက မိန့့်​ကြားခဲ့ပါတယ်​။ “ကျမတို့က လှည့်ကျရှေးဟောင်းအဆောက်အဦတွေကို ကြည့်ပါတယ်။ ခုလိုလုပ်ထားတာလည်း ဆရာတော်က မသိလို့လုပ်တာဖြစ်တဲ့အတွက် ပြန်ဖျက်ခိုင်းထားတယ်။ ခုအင်္ဂတေတွေခွာပြီးသွားပြီ” လို့ ​ဒေါ်မြင့်​မြင့်​​မော်​က​ပြောပါတယ်​။ ​ရွှေကူကြီးအုတ်ကျောင်းကြီးမှာ နှစ်ပေါင်း ၂ဝဝ ကျော် သက်တမ်းရှိပြီဖြစ်ပြီး ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (မန္တလေးဌာနခွဲ) လက်အောက်တွင်ရှိသည့် အဆောက်အဦးဖြစ်ကာ ထိုသို့ ရှေးဟောင်းအဆောက်အဦးအား လှေကားပြုလုပ်ခြင်းနဲ့ ပတ်သက်လို့ ရှေးဟောင်းပညာရှင်အချို့က​ ဝေဖန်​​ပြောဆို​နေကြပါတယ်​။ “ရှေးဟောင်းမြတ်နိုးတဲ့သူ ယဉ်ကျေးမှုကို ချစ်ခင်မြတ်နိုးတဲ့သူဆို ဒီလိုမလုပ်ပါဘူး။ ဒါ ယဉ်ကျေးမှုကို မမြတ်နိုးတဲ့သူတွေ လုပ်တာပါ။ ရှေးမူမပျက်လုပ်နေတာတွေကိုကျတော့ ရှေးဟောင်းက ဘာမလုပ်ရဘူး။ ညာမလုပ်ရဘူးတားတယ်” လို့ ရှေးဟောင်းပညာရှင် တမ္ပဝတီ ဦးဝင်းမောင်က​ပြောပါတယ်​ မန္တ​လေးမြို့အတွင်းက အမရပူရမြို့ ရွှေကူကျောင်းကြီးကျောင်းတိုက်​ကို ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (မန္တလေးဋ္ဌာနခွဲ) က ပြုပြင်ထိန်းသိမ်းမှုတွေ မလုပ်ဘဲ ပြစ်ထားတယ်။ ​အမှိုက်တွေ ​မြေပုံ​တွေနဲ့ပြည့်​နေလို့ ဆရာတော်၊ သံဃာတော်တွေနဲ့ ဒေသခံတွေက ​နေ့စဉ်​ရှင်းလင်း​နေရတာ သန့်ရှင်းရေးလုပ်ထားရတာဖြစ်​ တယ်​လို့ ဆရာတော် ဦးစန္ဒောဘာကဆက်​လက်​​မိန့်​ ကြားခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024