ရောင်းကျန်လက်မှတ်မှ ဘတ် ၁၈ သန်းဆု ပေါက်သွားသည့် ထိုင်းထီသည် အမျိုးသမီး

ဓာတ်ပုံ - Facebook/Jarunwan
ထိုင်းနိုင်ငံမှ ထီသည်တဦးဟာ သြဂုတ် ၁၆ ရက်နေ့ ထီဖွင့်ပွဲမှာ ရောင်းမကုန်ဘဲ ကျန်နေတဲ့ ထီလက်မှတ် ၃ စောင်ကနေ ဘတ် ၁၈ သန်းဆု ပေါက်သွားခဲ့ပါတယ်။ အဲဒီအမျိုးသမီးဟာ ထိုင်းအရှေ့မြောက်ပိုင်း ခွန်ကရန်ခရိုင်ထဲမှာ နေထိုင်ပြီး အဲဒီနေ့က သူတို့ဆိုင်မှာ ထီလက်မှတ်တွေ အများကြီး မရောင်းခဲ့ရဘူးလို့ ဆိုပါတယ်။ ဒီကနေ့မှာတော့ ခွန်ကရန်ဒေသက လူတွေဟာ ဖေ့စ်ဘွတ်ခ်ပေါ်မှာ ဒီသတင်းကို မျှဝေမှုတွေ လုပ်နေကြတာ ဖြစ်ပါတယ်။ “ဂျက်ပေါ့ထီက ကျမတို့ ဖွန်ခရိုင်ဆီ ရောက်လာခဲ့ပြီပေါ့” လို့ ဂျာရမ်းဝမ် အမည်ရတဲ့ ထီသည်အမျိုးသမီးက သူ့ရဲ့ ဖေ့စ်ဘွတ်ခ်ပေါ်မှာ ရေးထားခဲ့တာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up