မန္တလေးထောင်တွင် အကျဉ်းသားများကို ကွန်ပျူတာသင်တန်း ဖွင့်လှစ်သင်ကြားပေးနေ

မန္တလေးဗဟိုအကျဉ်းထောင်အတွင်းမှာ အကျဉ်းသားတွေကို ကွန်ပျူတာသင်တန်း ပထမဆုံးအကြိမ် ဖွင့်လှစ်သင်ကြားပေးနေတယ်လို့ အကျဉ်းဦးစီးဌာန သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။ သြဂုတ် ၁၃ရက်က မန္တလေးထောင်ရှိ အ.ထ.က(၂၅) တန်းခွဲ စာသင်ကျောင်းဆောင်မှာ ကွန်ပျူတာသင်တန်းတတ်ရောက်လိုတဲ့ အကျဉ်းသား(၁၂) ဦးအတွက် ကွန်ပျူတာ(၁၃)စုံနဲ့ ကွန်ပျူတာ အခြေခံသင်တန်းအမှတ်စဉ် (၁)ကို  တာဝန်ခံအရာရှိက ဦးစီးကျင်းပတာပါ။ အကျဉ်းဦးစီးဌာနအနေနဲ့ ပြစ်ဒဏ်ကျခံနေတဲ့ အကျဉ်းသား/သူတွေကို အတန်းပညာ သင်ကြားပေးတာ၊ ၀ါသနာပါရာ အသက်မွေးမှုအတတ်ပညာတွေကို ဌာနအစီအစဉ်နဲ့ရော မိတ်ဖက်အဖွဲ့အစည်းတွေရဲ့ အကူအညီနဲ့ပါ ဆောင်ရွက်ပေး နေတယ်လို့ သိရပါတယ်။ ဓာတ်ပုံ-အကျဉ်းဦးစီးဌာန

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up