Home
မြန်မာသတင်း
အာရှဖွံ့ဖြိုးရေးဘဏ်ထံမှ ကန်ဒေါ်လာ ၄၀ ဒသမ ၅ သန်း ချေးယူရန် လွှတ်တော် အတည်ပြု
DVB
·
August 16, 2018
မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနရဲ့ စီမံကိန်းလုပ်ငန်းတွေ ဆောင်ရွက်ဖို့အတွက် အာရှဖွံ့ဖြိုးရေးဘဏ် (ADB)ထံမှ အမေရိကန်ဒေါ်လာ ၄၀ ဒသမ ၅ သန်း ချေးယူဖို့ ပြည်ထောင်စုလွှတ်တော်က အတည်ပြု ဆုံးဖြတ်လိုက်ပါတယ်။ နိုင်ငံတော် သမ္မတထံက ပေးပို့ထားတဲ့ အဆိုပါ ချေးယူရန်ကိစ္စနဲ့ ပတ်သက်ပြီး  သြဂုတ် ၁၅ ရက်က ပြည်ထောင်စုလွှတ်တော်မှာ လွှတ်တော် ကိုယ်စားလှယ်တွေက ဆွေးနွေးခဲ့ကြပြီးနောက် လွှတ်တော်ရဲ့ အဆုံးအဖြတ် ရယူရာမှာ သဘောတူကြောင်း ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ အဆိုပါချေးငွေတွေနဲ့ မြန်မာပြည်အလယ်ပိုင်း အပူပိုင်းဇုန်ဒေသ မကွေးတိုင်းရှိ မြို့နယ် ၅ မြို့နယ်၊ မန္တလေးတိုင်းရှိ မြို့နယ် ၄ မြို့နယ်၊ စစ်ကိုင်းတိုင်းရှိမြို့နယ် ၅ မြို့နယ် စုစုပေါင်း ၁၄ မြို့နယ်တွင် စီမံကိန်းတွေ အကောင်အထည်ဖော် ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။ ADB ချေးငွေနဲ့ ဆက်စပ်ပြီး ကမ္ဘာလုံးဆိုင်ရာ စိုက်ပျိုးရေးနှင့် စားနပ်ရိက္ခာဖူလုံရေး အစီအစဉ်မှ အမေရိကန်ဒေါ်လာ ၂၇ သန်း ထောက်ပံ့ကူညီမယ်၊ ချေးငွေနဲ့ ဆောင်ရွက်မယ့် လုပ်ငန်းတွေမှာ မပါဝင်တဲ့ ဖြည့်စွက်ရေ ရရှိဖို့ ဆောင်ရွက်တာ၊ စက်ရေတွင်းတွေ တူးတာ၊ အာဟာရ ပြည့်ဝစေရေးလုပ်ငန်းတွေ ဆောင်ရွက်မယ်လို့လည်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုဝန်ကြီး ဦးလှကျော်က လွှတ်တော်မှာ ပြောသွားပါတယ်။ ဓာတ်ပုံ-Mint
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024