Home
မြန်မာသတင်း
ရန်ကုန်မြို့အနီး ပြင်းအား ရစ်ခ်ျတာစကေး ၅ အဆင့်ရှိ မြေငလျင်လှုပ်
DVB
·
August 16, 2018
မြန်မာပြည်တွင်း ရန်ကုန်မြို့အနားမှာ အင်အား ရစ်ခ်ျတာစကေး ၅ အဆင့်ရှိ အင်အားအသင့်အတင့်ရှိတဲ့ မြေငလျင်တခု ဒီကနေ့ မွန်းလွဲပိုင်းက လှုပ်ခတ်သွားတယ်လို့ မိုးဇလဌာနက သတင်းထုတ်ပါတယ်။ သြဂုတ် ၁၆ ရက်၊ မြန်မာစံတော်ချိန် ၁၃ နာရီ ၂၀ မိနစ် ၁၀ စက္ကန့်အချိန် ကမ္ဘာအေးမြေငလျင်စခန်းရဲ့ တောင်ဘက် ၅၆ မိုင်ခန့် ကွာဝေးတဲ့နေရာကို ဗဟိုပြုပြီး လှုပ်ရှားသွားတာလို့ ဆိုပါတယ်။ အခုထုတ်ပြန်တဲ့ ကနဦး မြေငလျင်သတင်းဟာ အလိုအလျောက် တွက်ချက်မှုမှ ရရှိတဲ့ သတင်းအချက်အလက်သာဖြစ်တယ်၊ တာဝန်ကျ မြေငလျင်ဝန်ထမ်းတွေက Manual ပြန်တွက်ချက်ပြီး မြေငလျင်သတင်းကို ဆက်လက်ထုတ်ပြန်သွားမယ်လို့ ဆိုပါတယ်။ ငလျင်ဟာ ကမ္ဘာအေးမြေငလျင်စခန်းမှ တောင်ဘက် ၅၆ မိုင်ခန့် ကွာဝေးတဲ့ (Near South Coast of Myanmar) မြောက်လတ္တီတွဒ် ၁၆.၀၆ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၆.၂၆ ဒီဂရီ၊ အနက် (၁၀) ကီလိုမီတာကို ဗဟိုပြု လှုပ်ရှားသွားတာလို့လည်း ဆိုပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024