A d v e r t i s e m e n t With Us

အာဖဂန်တွင် ကျူရှင်ကျောင်းတခုကို အသေခံဗုံးခွဲ၊ ၄၈ ဦး သေဆုံး

ဓာတ်ပုံ - khabar24.news
အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့တော်ရှိ ကျူရှင်ကျောင်းတခုမှာ ဒီကနေ့ အသေခံဗုံးခွဲမှု ဖြစ်ခဲ့တာကြောင့် လူ ၄၈ ဦး သေဆုံးခဲ့ပါတယ်။ တက္ကသိုလ်ဝင်တန်း ကျူရှင်ကျောင်းမှာ စာသင်ကြားနေစဉ် အသေခံဗုံးခွဲသူက လမ်းလျှောက်ဝင်ရောက်သွားခဲ့ပြီး ဖောက်ခွဲခဲ့တာလို့ အာဖဂန်ရဲတပ်ဖွဲ့က ပြောပါတယ်။ သေဆုံးသူအများစုဟာ တက္ကသိုလ်ဝင်တန်း ဖြေဆိုဖို့ ပြင်ဆင်နေကြတဲ့ ဆယ်ကျော်သက် အရွယ်တွေ ဖြစ်ပါတယ်။ အလားတူ အာဖဂန်နစ္စတန်နိုင်ငံ ဘတ်ဂ်လန်ပြည်နယ်မှာလည်း တိုက်ခိုက်မှုတခုဖြစ်ခဲ့ပြီး ရဲ ၉ ဦးနဲ့ စစ်သား ၃၅ ဦး သေဆုံးခဲ့တယ်လို့ အစိုးရတာဝန်ရှိသူတွေက ပြောပါတယ်။ တာလီဘန်အဖွဲ့က ကျူရှင်ကျောင်း ဗုံးခွဲမှုနဲ့ ပတ်သက်ပြီး သူတို့နဲ့ မပတ်သက်ကြောင်း ငြင်းဆိုထားပါတယ်။ ဒါပေမယ့် ကဘူးလ်ထောင်မှာ ဖမ်းဆီးထားတဲ့ တာလီဘန် အကျဉ်းသားတွေအပေါ် ကြက်ခြေနီအဖွဲ့ရဲ့ ပြုမူဆက်ဆံပုံကို မကျေနပ်တဲ့အတွက် အာဖဂန်နစ္စတန်မှာ အလုပ်လုပ်နေတဲ့ ကြက်ခြေနီဝန်ထမ်းတွေရဲ့ လုံခြုံရေးကို အာမ မခံနိုင်တော့ဘူးလို့ သြဂုတ် ၁၆ ရက်ေ်န့က ပြောကြားခဲ့ကြောင်း ဘီဘီစီသတင်းမှာ ဖော်ပြထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up