ကင်မရွန်းတိုက်စစ်မှူး အီတိုး ကာတာကလပ်သို့ ပြောင်းရွှေ့

ကင်မရွန်းတိုက်စစ်မှူး ဆင်မြူရယ်အီတိုးဟာ ကာတာ Sports ကလပ်  အသင်းဆီ ပြောင်းရွှေ့ကစားမှာ ဖြစ်ပါတယ်။ အသက် ၃၇ နှစ်ရှိပြီဖြစ်တဲ့ ဘာစီလိုနာ တိုက်စစ်မှူးဟောင်း အီတိုးဟာ ပြီးခဲ့တဲ့ရာသီက တူရကီကလပ် ကွန်ရက်စပေါ်အသင်းမှာ ကစားခဲ့ပြီး နှစ်ဦးသဘောတူညီချက်နဲ့ အသင်းကနေ ထွက်ခွာခဲ့တာပါ။ ရီးရဲလ်မက်ဒရစ်၊ ဘာစီလိုနာ၊ အင်တာမီလန်၊ ချဲလ်ဆီး၊ အဲဗာတန်နဲ့ ဆမ်ဒိုးရီးယား အသင်းတွေမှာ ကစားခဲ့ဖူးတဲ့ အီတိုးဟာ ၂၀၁၅ ခုနှစ်ကစပြီး တူရကီကလပ် ကွန်ရက်စပေါ်အသင်းဆီ ပြောင်းရွှေ့ခဲ့ပြီး ၃ ရာသီအတွင်း ၇၇ ပွဲကစားပြီး ၄၄ ဂိုးအထိ သွင်းယူခဲ့ပါတယ်။ ကာတာစတားလိဂ်မှာ စနိုက်ဒါ၊ ဇာဗီ၊ ဒီဂျောင် စတဲ့ ကစားသမားတွေလည်း ကစားနေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up