လီဗာပူးနောက်ခံလူ လိုဗရန် ၃ ပတ်ခန့် အနားယူရမည်

625
လီဗာပူးနောက်ခံလူ လိုဗရန်ဟာ ဒဏ်ရာသက်သာလာခြင်း မရှိတာကြောင့် ၃ ပတ်လောက် အနားယူရမယ်လို့ နည်းပြ ဂျာဂန်ကလော့ပ်က အတည်ပြုလိုက်ပါတယ်။
ခရိုအေးရှားနောက်ခံလူ လိုဗရန်ဟာ ကမ္ဘာ့ဖလားမှာကတည်းက တင်ပါးဒဏ်ရာရခဲ့တာဖြစ်ပြီး လက်ရှိအချိန်ထိ အရှင်းမပျောက်သေးတာလို့ ဆိုပါတယ်။
လိုဗရန်အနေနဲ့ ခရစ္စတယ်ပဲလေ့စ်၊ ဘရိုက်တန်၊ လက်စတာ အသင်းတွေနဲ့ ကစားရမယ့်ပွဲတွေကို လွဲချော်မှာဖြစ်ပြီး နိုင်ငံတကာပွဲတွေ အပြီးမှ ပြန်လည်ကစားနိုင်မယ်လို့ သိရပါတယ်။
ဒီဒဏ်ရာဟာ ပြီးခဲ့တဲ့ ရာသီကတည်းက ဖြစ်ပွားဖူးပြီး ကမ္ဘာ့ဖလားမှာလည်း မိနစ် ၁၂၀ အထိ သုံးပွဲကစားခဲ့ရတာကြောင့် ကြံ့ခိုင်မှုပြည့်ဝဖို့ ခက်ခဲနိုင်တယ်လို့ ကလော့ပ်က ဆိုပါတယ်။
လိုဗရန်အနေနဲ့ လက်ရှိအချိန်မှာတော့ အပေါ့စားလေ့ကျင့်ခန်းတွေကိုပဲ ပြုလုပ်နေတာ ဖြစ်ပါတယ်။