DVB Logo
Home
မြန်မာသတင်း
ဦးအောင်သိန်းလင်းကို စုံစမ်းစစ်ဆေးမည်ဟု ပါတီက ကြေညာ
DVB
·
July 29, 2012
ဦးအောင်သိန်းလင်းကို စုံစမ်းစစ်ဆေးမည်ဟု ပါတီက ကြေညာ
Donate to DVB

ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်မှုဆောင် ဦးအောင်သိန်းလင်းနဲ့ တရုတ်သတင်းဌာန ရဲ့ တွေ့ဆုံမေးမြန်းဖော်ပြချက်တွေနဲ့ ပတ်သက်ပြီး ပါတီက ကြေညာချက် တစောင် ထုတ်ပြန်လိုက် ပါတယ်။

ဇူလိုင် ၂၈ ရက် ရက်စွဲနဲ့ ထုတ်ပြန်လိုက်တဲ့ ကြေညာချက်မှာ ဦးအောင်သိန်းလင်း တကယ် ပြောခဲ့ရင် သူ့ရဲ့ ပုဂ္ဂလိကပြောဆိုချက်သာဖြစ်ပြီး ပါတီရဲ့ သဘောထား မဟုတ်တဲ့အကြောင်း၊ ဦးအောင်သိန်းလင်း အမှန်တကယ်ပြော မပြော စိစစ်တွေ့ရှိချက်တွေအပေါ် မူတည်ပြီး ပါတီစည်းကမ်းအရ အရေးယူ ဆောင်ရွက်သွားမယ့် အကြောင်း ဖော်ပြထားပါတယ်။

ဒီကြေညာချက်ကို ကြံ့ခိုင်ရေးပါတီရဲ့ ၀က်ဘ်ဆိုဒ်မှာ ဖော်ပြထားတာလည်း ဖြစ် ပါတယ်။ ဒီကြေညာချက် နဲ့ ပတ်သက်ပြီး မန္တလေးတိုင်း မလှိုင်မြို့နယ်၊ ကြံ့ခိုင်ရေး ပါတီ၊ ပြည်သူ့လွှတ်တော်အမတ် ဦးအေးမောက်က သူ့အမြင်ကို အခုလိုပြောပါတယ်။

“သူ့ရဲ့ ပုဂ္ဂလိကအမြင်က ပုဂ္ဂလိက အမြင်ပဲလေ။ သို့သော် သူ့ရဲ့ ပြောဆိုချက်တွေဟာ ဘာပဲပြောပြော ပြည်သူရဲ့ ဆန္ဒကို ထိခိုက်လာတယ်လေ။ ပြည်ခိုင်ဖြိုးကလည်းပဲ အများအတွက်ကို ပဲ ကြည့်နေတာ ဖြစ်တဲ့အတွက် အရေးယူဖို့ လုပ်တာလေ။ ကျနော်တယောက်ရဲ့ အမြင်ကိုပြောပါတယ်။”

ပါတီမှာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် ရှိတယ်လို့လည်း သူကပြောပါတယ်။

အလားတူကိစ္စမျိုး ပါတီမှာ ဖြစ်ခဲ့ဖူးတာ မရှိဘဲ အရေးယူ အပြစ်ပေးတာမျိုးလည်း မရှိခဲ့ဖူးကြောင်း စုံစမ်း သိရှိရပါတယ်။

ပါတီအနေနဲ့ အများပြည်သူအကျိုးအတွက်ပဲ လုပ်ဆောင်နေတာမို့ အများဆန္ဒနဲ့ မညီတာ မလုပ်ပါဘူး လို့လည်း သူကပြောပါတယ်။

“လွှတ်တော်ဥက္ကဋ္ဌရဲ့လမ်းညွှန်ချက်ကို လိုက်နာပြီးတော့ ဘယ်ပါတီနဲ့မဆို ကောင်းတာ၊ ပြည်သူအတွက် အကျိုးရှိတာဆိုရင် ကျနော်တို့က ပူးပေါင်းဆောင်ရွက်သွားမှာပါ။ ဒါကြောင့် မြစ်ဆုံကိစ္စမှာဆိုရင် အများပြည်သူတွေ၊ အန်ဂျီအိုအဖွဲ့အစည်းတွေ အားလုံးသော အဖွဲ့အစည်းတွေရဲ့ ဆုံးဖြတ်ချက်၊ ထင်မြင်ချက်၊ ဆန္ဒ၊ ဒါတွေကို ကျနော်တို့အနေနဲ့ လိုက်လျောဆောင်ရွက်သွားမှာပါ။”

ကာယကံရှင်ဖြစ်တဲ့ ဦးအောင်သိန်းလင်းကို ဆက်သွယ်ခဲ့ပေမယ့် ဖုန်းအဆက်အသွယ် မရခဲ့ပါဘူး။

ဦးအောင်သိန်းလင်းဟာ တရုတ်နိုင်ငံ southern weekend သတင်းဌာနနဲ့ ဆက်သွယ်မေးမြန်းချက် တခုမှာ မြစ်ဆုံစီမံကိန်းကို ဆက်လုပ်ရမယ့်အကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ အန်အယ်လ်ဒီ ပါတီကို ထောက်ခံသူတွေဟာ အရူးတွေ ဖြစ်တဲ့အကြောင်း စသဖြင့် ပြောဆိုခဲ့တယ်လို့ သတင်းဌာန အတော်များများမှာ ဘာသာပြန်ဆို ဖော်ပြခဲ့ကြပါတယ်။

ဒီသတင်း ထွက်ပေါ်ခဲ့ပြီးနောက် ဒီဗွီဘီက ဦးအောင်သိန်းလင်းကို ဆက်သွယ်မေးမြန်းခဲ့တုန်းက သူမပြောဘူးလို့ ငြင်းဆိုခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013