DVB Logo
Home
မြန်မာသတင်း
တိုင်းရင်းသား လူမျိုးများအခွင့်အရေး ဥပဒေအဆို အတည်ပြု
DVB
·
July 27, 2012
တိုင်းရင်းသား လူမျိုးများအခွင့်အရေး ဥပဒေအဆို အတည်ပြု
Donate to DVB

ဒီနေ့ကျင်းပတဲ့ ပြည်သူ့လွှတ်တော်မှာ တိုင်းရင်းသား လူမျိုးများရဲ့ အခွင့်အရေး ကာကွယ်စောင့်ရှောက်တဲ့ ဥပဒေပြဋ္ဌာန်းပေးဖို့ အဆိုကို ကန့်ကွက်သူမရှိဘဲ အတည်ပြုလိုက်ပါတယ်။

[caption id="attachment_28066" align="alignright" width="273" caption="ဦးသိန်းညွန့်"][/caption] အဲဒီအဆိုကို ရှမ်းပြည်နယ် ကွတ်ခိုင်မြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးတီခွန်မြတ် တင်သွင်းခဲ့တာ ဖြစ်ပါတယ်။ မနေ့က လွှတ်တော်မှာ​ အဲဒီအဆိုကို​ ​ဒေါ်အောင်ဆန်းစုကြည်က​ ​ထောက်ခံ ​ဆွေးနွေးရာ ပြည်နယ်တွေမှာ ဆင်းရဲမွဲတေမှု ရာခိုင်နှုန်းမြင့်မားတာကို ကိန်းဂဏန်း အထောက်အထားနဲ့ တင်ပြခဲ့သလို တန်းတူညီမျှရေးအတွက် ဥပဒေတွေကို လိုအပ်သလို ပြုပြင်ပြဋ္ဌာန်းဖို့ လိုတယ်လို့ တင်ပြဆွေးနွေးခဲ့ပါတယ်။ ကျန်ကိုယ်စားလှယ်တွေကလည်း တိုင်းရင်းသားဒေသတွေမှာ စစ်မက် ဖြစ်ပွားနေတာတွေ၊ လျှပ်စစ်မီးမရရှိတာတွေ၊ သယံဇာတနည်းပါးတဲ့  ဒေသတွေမှာ ဖွံ့ဖြိုးမှုလုပ်ငန်းတွေလုပ်ဖို့ နှေးကွေးတာတွေ၊ ဘာသာရေး လွတ်လပ်ခွင့်နဲ့ တိုင်းရင်းသား စာပေလွတ်လပ်ခွင့် မရှိတာတွေကို ထောက်ပြပြီး အဲဒီအဆိုကို ဆွေးနွေးသွားကြပြီး ဒီနေ့ ကန့်ကွက်သူမရှိ အတည်ပြုခဲ့တာပါ။ အဲဒီဥပဒေကြမ်းကို ရေးဆွဲမယ့်ထဲမှာပါဝင်ကြတဲ့ ပြည်ထောင်စုအဆင့် ပြည်ထဲရေး ဒုဝန်ကြီး၊ လူဝင်မှု ကြီးကြပ်ရေး ဒုဝန်ကြီးနဲ့ ဒုတိယ ရှေ့နေချုပ်တို့ ကလည်း ဒီနေ့ အဆိုကို ၀င်ရောက် ဆွေးနွေးကြပါတယ်။ မကြာခင် အဲဒီဌာနတွေကနေ တိုင်းရင်းသားအခွင့်အရေးနဲ့ဆိုင်တဲ့ ဥပဒေကို လုပ်ထုံးလုပ်နည်းအတိုင်း လုပ်ကိုင်မယ်လို့ သင်္ဃန်ကျွန်းမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးသိန်းညွန့်က ပြောပါတယ်။ “ဥပဒေပြဋ္ဌာန်းရေးဆိုတော့ လွှတ်တော်ကနေ သူ့အစီအစဉ်အတိုင်း ပေးပို့မှာပေါ့။ ဒီနေ့ ဖြေတဲ့ ၀န်ကြီးတွေထဲမှာ ပြည်ထောင်စုအဆင့်က ရှေ့နေချုပ်ရုံးပါတယ်။ ဒုတိယ ပြည်ထဲရေးဝန်ကြီး ပါတယ်။ သူတို့တွေအားလုံးက ပြည်ထောင်စုအစိုးရ အဖွဲ့က ရေးဆွဲမှာပါ။” ဦးသိန်းညွန့်ကလည်း အစိုးရမဟုတ်သော အဖွဲ့အစည်း (အန်ဂျီအို) များ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေပြဋ္ဌာန်းဖို့ လွှတ်တော်က နိုင်ငံတော်အစိုးရအား တိုက်တွန်းကြောင်း အဆိုတင်သွင်းခဲ့ပါတယ်။ အရင်တပ်မတော်အစိုးရတွေလက်ထက် ပြဋ္ဌာန်းခဲ့တဲ့ အဖွဲ့အစည်းဆိုင်ရာ ဥပဒေဟာ ခေတ်နဲ့ မလျော်ညီတော့လို့ တင်သွင်းတာလို့ ဦးသိန်းညွန့်က ပြောပါတယ်။ “န၀တလက်ထက်မှာ ပြဋ္ဌာန်းခဲ့တဲ့ အသင်းအဖွဲ့ဆိုင်ရာ ဥပဒေနဲ့ အန်ဂျီအိုတွေကို ကိုင်တွယ်လို့ရှိရင် အခြေအနေအရ မကိုင်သင့်တော့ဘူးဆိုတာ ဆွေးနွေးမှာပါ။ သူက အသင်းအဖွဲ့ဆိုတဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်နဲ့လည်း ဖွင့်ထားတာကို။ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်း အန်ဂျီအို ဆိုပြီးတော့ တိကျသေချာတဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက် အဲဒီဥပဒေမှာ မရှိဘူးလေ။ ဒါကြောင့် ဥပဒေတခု ရေးဆွဲပြဋ္ဌာန်းဖို့ ကျနော် တင်သွင်းမှာပါ။” လာမယ့် ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ အဆိုကို လက်ခံ ဆွေးနွေးသင့် မသင့် ဆုံးဖြတ်မှာလည်း ဖြစ်ပါတယ်။
Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013