ရန်ကုန်ပြည်သူ့ဆေးရုံကြီး ကင်ဆာဓာတ်ရောင်ခြည်ဌာနတွင် မီးလောင်မှုဖြစ်ပွား
DVB
·
August 14, 2018

ရန်ကုန်ပြည်သူ့ဆေးရုံကြီး ကင်ဆာဓာတ်ရောင်ခြည်ဌာနမှာ သြဂုတ် ၁၃ ရက် ညနေ ၆ နာရီ မိနစ် ၄၀ က မီးလေင်ကျွမ်းခဲ့ပြီး ည ၇ နာရီမှာ မီးငြှိမ်းသတ်နိုင်ခဲ့တယ်လို့ ရန်ကုန်တိုင်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
ကင်ဆာရောဂါ ပြင်ပလူနာဌာန အသေးစားခွဲစိတ်ခန်းမှာရှိတဲ့ မီးခလုတ် အပူလွန်ကဲရာကနေ မီးလောင်မှု စတင်ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။
မီးလောင်မှုကြောင့် ဓာတ်ရောင်ခြည်လုံခြုံမှု ထိခိုက်တာမရှိဘဲ ပျက်စီးဆုံးရှုံးမှုတန်ဖိုး ကျပ် ၃ သိန်း ၇ သောင်း ၅ ထောင်ရှိတယ်လို့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးက သတင်းထုတ်ပြန်ထားပါတယ်။