Home
မြန်မာသတင်း
ဥက္ကံတွင် လေပြင်းတိုက်ခတ်၍ လူနေအိမ် ၅ လုံး ပျက်စီး
DVB
·
August 13, 2018
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ ဥက္ကံမြို့မှာ  သြဂုတ် ၁၃ ရက် မနက် ၃ နာရီလေက်က လေပြင်းတိုက်ခတ်ပြီး မင်းရဲကျော်စွာရပ်ကွက်အတွင်းရှိ လူနေအိမ် ၅ လုံး အမိုးလန် ပျက်စီးသွားပါတယ်။ ပျက်စီးသွားတဲ့ နေအိမ်က ဒေါ်ကရင်မက “ကျမတို့မိသားစုတွေ အိပ်နေချိန်မိုးရွာပြီး လေတိုက်တယ်။ အစကလေက ဖြည်းဖြည်းတိုက်တာ။ နောက်လေကဝေါဆိုပြီး တိုက်လိုက်တာ အိမ်အမိုးတွေ အကုန်လန်ပြီး ပစ္စည်းတွေလေထဲပါသွားတယ်။ လေကတော်တော်ပြင်းတာ ညဘက်ဆိုတော့ လိုက်မကောက်တတ်လို့  ဘေးကအိမ်တွေမှာ နေရတယ်။ မနက်ကျမှ ပစ္စည်းတွေ လိုက်ကောက်ရတယ်” လို့ ပြောပါတယ်။ လေပြင်းတိုက်လို့ ပျက်စီးသွားတဲ့လူနေအိမ်က ၅ လုံး၊ လူဦးရေ ၁၆ ဦးနဲ့ ဆုံးရှုံးမှု တန်ဖိုးငွေကျပ် ၆ သိန်းဖိုလောက်ရှိတယ်လို့  အုပ်ချူပ်ရေးမှူးဦးတင်လှက ပြောပါတယ်။ သတင်း-မေသွယ်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024