သမ္မတထရမ့်၏ ယောက္ခမများ အမေရိကန်နိုင်ငံသားအဖြစ် ခံယူ

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ စလိုဗေးနီးယားနိုင်ငံဖွား ယောက္ခမတွေဟာ သြဂုတ် ၉ ရက်နေ့က အမေရိကန်နိုင်ငံသားအဖြစ် ခံယူကြောင်း ကျမ်းကျိန်ခဲ့တယ်လို့ သူတို့ရဲ့ ရှေ့နေက အတည်ပြု ပြောဆိုပါတယ်။ ဗစ်တာနဲ့ အမာလီဂျာ ကနက်ဗ်တို့ဟာ မစ္စစ် ထရမ့်ရဲ့ အထောက်အပံ့နဲ့ အမေရိကန်နိုင်ငံ ထဲမှာ ဂရင်းကတ်ကို ကိုင်ဆောင်နေထိုင်ခဲ့ကြတယ်လို့ ရှေ့နေက ပြောပါတယ်။ သမ္မတ ထရမ့်ဟာ မိသားစု အခြေပြုရွှေ့ပြောင်းနေထိုင်မှုကို အရင်က ဆန့်ကျင် ဝေဖန်ဖူးသူပါ။ ဆွေမျိုးတော်စပ်တာထက်စာရင် အကျိုးပြုမှု အခြေပြု ဦးစားပေးစနစ်ကို သုံးဖို့ ငြင်းခုန်ခဲ့ဖူးပါတယ်။ လူဝင်မှုကြီးကြပ်ရေး ဥပဒေတွေနဲ့ ရွှေ့ပြောင်းနေထိုင်သူတွေကို နှုတ်နဲ့ တိုက်ခိုက်မှုတွေအတွက် ပြစ်တင်ဝေဖန်တာလည်း ခံခဲ့ရဖူးသူပါ။ ထရမ့်ရဲ့ ဇနီးသည် မေလာနီယာကတော့ မော်ဒယ်အဖြစ် အလုပ်လုပ်ရင်း ထူးခြားတဲ့ အရည်အချင်းရှိသူတွေအတွက် ထုတ်ပေးတဲ့ အိုင်းစတိုင်းပြည်ဝင်ခွင့် ဗီဇာနဲ့ ၂၀၀၁ ခုနှစ်မှာ အမေရိကန်ကို ရောက်လာပါတယ်။ ၂၀၀၆ ခုနှစ်မှာ အမေရိကန် နိုင်ငံသား ဖြစ်လာပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up