DVB Logo
Home
မြန်မာသတင်း
လူမင်း၊ ယုန်လေး၊ ထားထက်ထက်တို့ ပါဝင်သည့် လူကြမ်းတယောက်ရဲ့ဒိုင်ယာရီ ရုပ်ရှင် (နမူနာ)
DVB
·
August 10, 2018
လူမင်း၊ ယုန်လေး၊ ထားထက်ထက်တို့ ပါဝင်သည့် လူကြမ်းတယောက်ရဲ့ဒိုင်ယာရီ ရုပ်ရှင် (နမူနာ)
Donate to DVB

 

သရုပ်ဆောင်မင်းသား လူမင်း၊ အဆိုတော် ယုန်လေးနဲ့ အလှမယ် ထားထက်ထက်တို့ ခေါင်းဆောင်ပါဝင်ထားကြတဲ့ လူကြမ်းတယောက်ရဲ့ ဒိုင်ယာရီ ရုပ်ရှင်ကားကို လာမယ့် သြဂုတ် ၁၇ ရက်နေ့ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။

ဒီကားကိုတော့ သရုပ်ဆောင် သားညီက ဒါရိုက်တာအဖြစ် ရိုက်ကူးပုံဖော်ပေးထားခဲ့တာဖြစ်ပြီး ဒီပါမိုး ရုပ်ရှင်ထုတ်လုပ်ရေးက တင်ဆက်လိုက်တာ ဖြစ်ပါတယ်။

ထက်မြတ်နိုင်ဇင်ရဲ့ ဇာတ်လမ်းကို ဆူးခတ်မင်းက ဇာတ်ညွှန်းခွဲထားပေးတဲ့ ဒီရုပ်ရှင်ကားထဲမှာတော့ ဘာသာမတူတဲ့ လူငယ် ၂ ဦးကြားက အချစ်ရေးမှာ ဘာသာအယူအစွဲကြီးတဲ့ လူကြီးတယောက်က ဘယ်လို အနှောင့်အယှက်တွေ ပေးမလဲဆိုတာကို ကြမ်းကြမ်းရမ်းရမ်း ဇာတ်ဝင်ခန်းတွေနဲ့အတူ ရှုစားကြရမှာပါ။

ဒီကားထဲမှာ တခြားသရုပ်ဆောင်တွေဖြစ်တဲ့ ဂျိုကာ၊ ဘေဘီမောင်တို့နဲ့အတူ တခြားသရုပ်ဆောင်တွေလည်း အများကြီး ပါဝင်အားဖြည့်ထားကြတာ ဖြစ်ပါတယ်။

ဒီရုပ်ရှင်ကားမှာ လူကြမ်းတယောက် အသည်းကွဲခြင်းလို့ အမည်ပေးထားတဲ့ ဇာတ်ဝင်သီချင်းတပုဒ်ကိုတော့ ယုန်လေးနဲ့ နီနီခင်ဇော်တို့က သီဆိုပေးထားကြတာ ဖြစ်ပါတယ်။

ဒီရုပ်ရှင်ကားကို လွန်ခဲ့တဲ့ ၄ နှစ်လောက်ကတည်းက ရိုက်ကူးခဲ့တာဖြစ်ပြီး လက်ရှိအချိန်မှ ရုံတင်ခွင့်ရခဲ့တာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ ဒီရုပ်ရှင်နမူနာဟာ ထွက်မလာခင်ကတည်းက အင်တာနက် စာမျက်နှာတွေပေါ်မှာ ရေပန်းစားနေခဲ့ပြီး ဝင်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ ၇ သိန်းနီးပါး ရှိနေခဲ့ပြီ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013