Home
မြန်မာသတင်း
မန္တလေး မြနန္ဒာ​ဈေးအတွင်း ရေကြီးနေသဖြင့် ဈေးဆိုင်​ခန်းအချို့ ပိတ်​သိမ်းထားရ
Aung Aung Naing
·
August 10, 2018
မန္တလေး စည်​ပင်​သာယာ​ရေး​ကော်​မတီ​ဈေးနဲ့ သားသတ်​ဌာနက ဖွင့်လှစ်​ထားတဲ့​ မြနန္ဒာ​ဈေးမှာ သြဂုတ်​ ၉ ရက်​​ ညက အဆက်​မပြတ်​ မိုးသည်းထန်​စွာ ရွာသွန်းခဲ့လို့ ရေကြီး ရေလျှံ ဖြစ်နေပြီး ဈေးဆိုင်​ခန်းတချို့ ပိတ်​သိမ်းထားရပါတယ်​။ ကုန်​စိမ်း​ရောင်းချသူ ​ဒေါ်စိန်​ဥက “ကျမ ဒီ​ဈေးမှာ ရောင်းလာတာ ၆ နှစ်​​ကျော်​ပြီ။ တံတားဦးဘက်​က လာ​ရောင်း​တာပါ။ ​ပေါ်ပင်​သီးနှံတွေ​ အမြဲလာ​ရောင်းတယ်​။ မိုးရာသီ​ရောက်​တိုင်း ကျမတို့ ဈေးသည်​​တွေ အရမ်းကို ဒုက္ခ​ရောက်​ကြရတယ်​။ ​ဈေး​ကောက်​ကျ မပျက်​ဘူး။ လာပြီး​ ကောက်​တယ်။ မိုးရွာရင် ​မိုး​ရေ​တွေက ဒူး​ခေါင်း​တောင်​ ​ကျော်​တယ်​။ ဘယ်​လိုလုပ်​ ​ရောင်းလို့ရမလဲ။ ​ရေထဲကို ဘယ်သူက ဆင်းပြီး ဝယ်​​တော့မှာလဲ။ မိုးကြီးပြီဆိုတိုင်း ​ဈေးက​ ရေမြုပ်​​နေတာ သက်​ဆိုင်​ရာက လူကြီး​တွေ ​လာကြည့်ပြီး ပြုပြင်​​စေချင်​တယ်​” လို့ ပြောပါတယ်​။ သြဂုတ်​ ၉ ရက်​​က ညလုံး​ပေါက်​ မိုးသည်းထန်စွာ ရွာခဲ့တာ​ကြောင့် ချမ်းမြသာစည်​မြို့်​နယ်​ထဲက ​ဈေး​တွေ၊ ကျောင်း​တွေ၊ လူ​နေရပ်​ကွက်​တွေနဲ့ ရပ်​ကွက်​အုပ်​ချုပ်​​ရေးမှူးရုံး​တွေလည်း ​ရေကြီး နစ်မြုပ်နေပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024