ဧရာမငါးမန်းဖြူကြီး ကိုက်ဆွဲမှုမှ သီသီလေး လွတ်မြောက်သွားခဲ့သည့် အမျိုးသား (ရုပ်သံ)

ရေထဲက ထင်မှတ်မထားတဲ့အချိန်မှာ ငါးမန်းကြီးတကောင် ရုတ်တရက်ပေါ်လာပြီး ဆွဲဖို့ ကြိုးစားတဲ့ အဖြစ်အပျက်ဟာ တကယ့်ကို သွေးပျက်ထိတ်လန့်စရာပါပဲ။ အမေရိကန်နိုင်ငံမှာတော့ ဒါဟာ တကယ်ဖြစ်ခဲ့ပြီး အမျိုးသားတဦးဟာ သူ့ကိုကိုက်ဆွဲဖို့ ကြိုးစားတဲ့ ဧရာမ ငါးမန်းဖြူကြီးလက်ကနေ ကံကောင်းထောက်မစွာပဲ သီသီလေး လွတ်မြောက်သွားခဲ့တာပါ။ ဒီအဖြစ်အပျက်ဟာ မက်ဆာချူးဆက်ပြည်နယ်၊ ကော့ဒ်အငူမှာ ဖြစ်ခဲ့ပြီး ဇီဝဗေဒပညာရှင် ဂရက်ဂ်ျ စခိုမယ်လ်ဟာ သုတေသနအဖွဲ့တဖွဲ့နဲ့အတူ ရောက်ရှိနေခဲ့တာပါ။ အဲဒီအချိန်မှာပဲ ကျဉ်းမြောင်းတဲ့ အစွန်းတနေရာမှာ ရပ်နေခဲ့တဲ့ ဂရက်ဂ်ျအနီးကို ငါးမန်းကြီးက ရုတ်တရက်ပေါ်လာပြီး ကိုက်ဆွဲဖို့ ကြိုးစားခဲ့တာကို ရုပ်သံဗွီဒီယိုဖိုင်ထဲမှာ တွေ့ရပါတယ်။ ဂရက်ဂ်ျဟာ ထိတ်လန့်သွားခဲ့ပြီး လက်မတင်ကလေး လွတ်မြောက်သွားခဲ့ချိန်မှာ “မင်းတို့ တွေ့ကြလား။ တွေ့ကြလား” ဆိုပြီး အော်ပြောနေခဲ့တာကို တွေ့ရပါတယ်။ ဒီရုပ်သံဗွီဒီယိုဖိုင်ကိုတော့ ယူကျု အင်တာနက်စာမျက်နှာပေါ်မှတဆင့် မျှဝေထားခဲ့ပြီး အဲဒီအောက်မှာတော့ ဝေဖန်မှတ်ချက်ပေးသူတွေလည်း ရှိနေခဲ့တာပါ။ တယောက်ကတော့ “ပိုကြီးတဲ့လှေ လိုအပ်တယ်” လို့ ရေးခဲ့ပြီး တယောက်ကတော့ “ဒီငါးမန်းက အခုန်အပျံကောင်းတဲ့ကောင် မဟုတ်တာ ကောင်းသွားတယ်” လို့ ရေးခဲ့ကြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up