တာတိုအပြေးချန်ပီယံ အူစိန်ဘော့ သြစတြေးလျကလပ်နှင့် ပူးပေါင်းလေ့ကျင့်မည်

တာတိုအပြေးချန်ပီယံ အူစိန်ဘော့ဟာ သြစတြေးလျကလပ် စင်ထရယ်ကုတ်မာရီနာ အသင်းနဲ့ ပူးပေါင်းလေ့ကျင့်မှာ ဖြစ်ပါတယ်။ အသက် ၃၁ နှစ်ရှိ ဂျာမေကာ အပြေးသမား အူစိန်ဘော့ဟာ အိုလံပစ်ရွှေတံဆိပ် ၈ ကြိမ် ရရှိထားပြီး မီတာ ၁၀၀ နဲ့ ၂၀၀ ကမ္ဘာ့အပြေးပြိုင်ပွဲတွေမှာ ချန်ပီယံဖြစ်ခဲ့ပြီး အမြန်ဆုံး ကစားသမားအဖြစ် စံချိန်တင်ထားတာပါ။ အူစိန်ဘော့ဟာ ၂၀၁၇ ခုနှစ်က အပြေးသမားဘဝကနေ အနားယူခဲ့သူဖြစ်ပြီး ဘောလုံးသမားအဖြစ် ကစားဖို့ မျှော်လင့်နေတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာ ဒေါ့မွန်အသင်းနဲ့ လေ့ကျင့်ခန်းဆင်းခဲ့သလို တောင်အာဖရိက ကလပ် ဆန်းဒေါင်းနဲ့ နော်ဝေကလပ် စတောင်းဂိုဒက်စ်အသင်းမှာလည်း လေ့ကျင့်ခန်း ဆင်းဖူးပါတယ်။ သြစတြေးလျကလပ်မှာ လေ့ကျင့်ခန်း ဆင်းခွင့်ရတဲ့အတွက် အသင်းတာဝန်ရှိသူတွေနဲ့ ကစားသမားတွေကို ကျေးဇူးတင်ရှိပြီး ဒီအခွင့်အရေးက ဘောလုံးသမားဖြစ်ချင်တဲ့ မိမိရဲ့ အိပ်မက်ကို အကောင်အထည်ဖော်ပေးနိုင်လိမ့်မယ်လို့ အူစိန်ဘော့က ပြောကြားခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up