တရုတ်တွင် ကျောက်မီးသွေးတွင်း မတော်တဆမှုကြောင့် ၄ ဦး သေဆုံး

Image Source : REPRESENTATIONAL IMAGE
တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ကွေ့ကျိုးပြည်နယ် ကျိမူကျား ကျောက်မီးသွေးတွင်းမှာ မတော်တဆမှုကြောင့် လူ ၄ ဦး သေဆုံးခဲ့ပါတယ်။ လူ ၉ ဦး ပျောက်နေတာကြောင့် သြဂုတ် ၇ ရက်နေ့က ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းတွေ ဆောင်ရွက်နေပါတယ်။ ပုဂ္ဂလိကပိုင် ပန်းနန် ကျောက်မီးသွေး ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီမှာ တနင်္လာနေ့ ည ၉ နာရီက မတော်တဆ ဖြစ်ခဲ့တာပါ။ ပျောက်ဆုံး တွင်းလုပ်သားတွေကို ကယ်ဆယ်ရေးအဖွဲ့ ၆ ဖွဲ့က ၂၄ နာရီလုံး အလှည့်ကျစနစ်နဲ့ ရှာနေပါတယ်။ ပိတ်ဆို့နေတဲ့ ဥမင် မီတာ ၄၀ လောက် အရှည်ကို ရှင်းပြီးပြီ။ ၅၈ မီတာလောက် ဥမင်အရှည်ကတော့ ရှင်းဖို့ ကျန်သေးတယ်လို့ ကယ်ဆယ်ရေး ခေါင်းဆောင်တယောက်က ပြောပါတယ်။ မြေအောက်က နေရာကျဉ်းထဲမှာ ကယ်ဆယ်ရေး လုပ်ရတာ စိန်ခေါ်မှုတရပ်ဖြစ်ပြီး လူအင်အား အများကြီး လိုတယ်လို့ ကယ်ဆယ်ရေးသမားတွေက ပြောခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up