ကနေဒါသံအမတ်ကြီးကို ဆော်ဒီအစိုးရ နှင်ထုတ်

The Saudi Arabian Embassy in Ottawa. (David Kawai / The Canadian Press)
မကြာသေးခင်က ဆော်ဒီအမျိုးသမီး အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေကို ဖမ်းဆီးတဲ့အပေါ် ကနေဒါနိုင်ငံက ဝေဖန်ခဲ့တာကြောင့် ဆော်ဒီအစိုးရဟာ ကနေဒါသံအမတ်ကြီးကို နိုင်ငံကနေ သြဂုတ် ၆ ရက်နေ့က နှင်ထုတ်ခဲ့ပါတယ်။ အလားတူ ကနေဒါဆိုင်ရာ ဆော်ဒီသံအမတ်ကြီးကို ပြန်လည်ခေါ်ယူခဲ့တယ်လို့ ဆော်ဒီ သတင်းအေဂျင်စီက ဖော်ပြခဲ့ပါတယ်။ ဆော်ဒီနိုင်ငံခြားရေးဌာနက နှစ်နိုင်ငံကြား ကုန်သွယ်မှုအသစ်တွေကို ရပ်တံ့ပြီး နှစ်နိုင်ငံ ပညာရေးဖလှယ်မှု အစီအစဉ်တွေကို ရပ်ဆိုင်းမယ်ဆိုပြီး  ပြောကြားခဲ့တယ်လို့ ဒေသမီဒီယာတွေက ဆိုပါတယ်။ ကနေဒါ နိုင်ငံခြားရေးဝန်ကြီး ခရစ္စတီရာ ဖရီးလန်းနဲ့ တခြားသံတမန်တွေဟာ ဆော်ဒီ အမျိုးသမီးအခွင့်အရေး တက်ကြွလှုပ်ရှားသူ ဖမ်းဆီးတဲ့ကိစ္စကို ဝေဖန်ပြောကြားခဲ့ပြီး သူတို့ကို ချက်ချင်းလွှတ်ပေးဖို့ တောင်းဆိုခဲ့ပြီးနောက် အခုလို ဆော်ဒီအစိုးရက တုံ့ပြန်ခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် ဆော်ဒီအစိုးရဟာ ကနေဒါနိုင်ငံမှာ ပညာသင်ကြားနေတဲ့ ဆော်ဒီကျောင်းသားအားလုံးကို ပြန်လည်ခေါ်ယူပြီး ဗြိတိန်နဲ့ အမေရိကန်နိုင်ငံတွေဆီ ပြောင်းလဲစေလွှတ်ဖို့ စီစဉ်နေတယ်လို့လည်း ကနေဒါမီဒီယာက  သြဂုတ် ၆ ရက်နေ့မှာ ဖော်ပြခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up