DVB Logo
Home
ရင်ဖွင့်စာ/ပေးစာ
ကေလးစစ္သားအျဖစ္မွ နုတ္ထြက္ခြင့္ရဖုိ့ သမၼတၾကီး ကူညီပါ
DVB
·
July 26, 2012
ကေလးစစ္သားအျဖစ္မွ နုတ္ထြက္ခြင့္ရဖုိ့ သမၼတၾကီး ကူညီပါ
1 / 2
Donate to DVB

သမ္မတကြီးက အများပြည်သူတွေအပေါ် မေတ္တာထားပြီး ရင်ဝယ်သားလို့ သဘောထားသလောက် လက်အောက်က လူတွေကတော့ အထက်ဖား အောက်ဖိနဲ့ ပြည်သူတွေ အမျိုးမျိုးနှိပ်စက်ခံနေရပါတယ်။

မကွေးတိုင်းဒေသကြီး မကွေးမြို့နယ် ဆူးကောက်စမ်းအုပ်စု ဆူးကောက်စမ်းရွာနေ အဘဦးတင်နွဲ့ဝင်း၊ အမိဒေါ်ခင်ကြူရဲ့သား မောင်ဇော်ချစ်လင်း (ခ) မောင်ချစ်စရာ (အသက် ၁၅ နှစ်) ကို မိဘတို့ရဲ့သဘော ဆန္ဒမပါဘဲ ၂၀၁၀ ခုနှစ် မေလက စစ်မှုထမ်းဆောင်ဖို့ ကလေးစစ်သားအဖြစ် ခေါ်ဆောင်သွားခဲ့ပါတယ်။

မောင်ဇော်ချစ်လင်းဟာ မကွေးမြို့ အ.ထ.က (၁) ကျောင်းမှာ ပညာသင်ကြားနေတဲ့ ကျောင်းသား တဦးလည်း ဖြစ်ပါတယ်။ အခုခါ မိဘတွေနဲ့ ပြန်လည်အဆက်အသွယ် ရခဲ့ပါတယ်။ မောင်ဇော်ချစ်လင်း ကိုယ်ပိုင်အမှတ် တ.၄၃၆၇၅၂ က စစ်မှုမထမ်းချင်ကြောင်း မိဘတွေကို ငိုယိုပြီး အကူအညီ တောင်းခံခဲ့ ပါတယ်။ အခုအချိန်မှာ စစ်မှုထမ်းသက် ၂ နှစ်ခန့်ရှိပြီး အသက် ၁၇ နှစ်သာ ရှိပါသေးတယ်။

မောင်ဇော်ချစ်လင်းရဲ့ မိဘတွေက သားဖြစ်သူ ရောက်ရှိနေတဲ့ မေမြို့ ၃၁ မိုင် မှာရှိတဲ့ စစ်တပ်ဆီ ၂ ကြိမ်တိုင် သွားရောက် တွ့ဆုံပြီး ကလေးစစ်သားအဖြစ် အတင်းအဓမ္မ စေခိုင်းခံနေရတဲ့ သားဖြစ်သူကို ကလေးစစ်သားဥပဒေအရ နုတ်ထွက်ခွင့် တောင်းပေမယ့် မရရှိခဲ့ပါ။ တပ်ရှိအရာရှိတွေက ၅ လ၊ ၆ လကြာမှ လာရောက်ထုတ်ယူဖို့ ပြောပါတယ်။ အမျိုးမျိုး ဖိနှိပ်ခံနေရပြီး ပြစ်ဒဏ်တွေ ပေးနေ တယ်လို့ မောင်ဇော်ချစ်လင်းက ပြောပြတဲ့အတွက် မိဘတွေမှာ စိတ်ဆင်းရဲ ကိုယ်ဆင်းရဲ ဖြစ်နေရ ပါတယ်။

ဒီအတွက် မောင်ဇော်ချစ်လင်းကို လူ့အခွင့်အရေးဆိုင်ရာ ဥပဒေအရ ခံစားခွင့်တွေနဲ့ စစ်တပ်က အမြန်ထွက်ခွင့် ရရှိရေးအတွက် အမြန်ဆုံး အကူအညီပေးဖို့ နိုင်ငံတော်သမ္မတကြီးနဲ့ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်တို့ကို ဒီဗွီဘီကတဆင့် တင်ပြလိုက်ပါတယ်။

မောင်ချစ်ဇော်လင်း၏ ဆွေမျိုးသားချင်းတဦး

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013