ပြည်ထောင်စုဝန်ကြီးနှင့် ဒုဝန်ကြီးအချို့ ပြောင်းလဲမည်ဟု သတင်းထွက်ပေါ်
DVB
·
July 25, 2012
ပြည်ထောင်စုဝန်ကြီးတချို့ ၀န်ကြီးဌာန အပြောင်းအလဲ အခုရက်ပိုင်းအတွင်း ပြုလုပ်မယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
ဘဏ္ဍာရေးနဲ့ အခွန်ပြည်ထောင်စုဝန်ကြီးဦးလှထွန်းက ဗဟိုဘဏ်ဥက္ကဋ္ဌ၊ မီးရထားပို့ဆောင်ရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက သမ္မတရုံးဝန်ကြီး၊ စက်မှုဝန်ကြီးဌာန ၀န်ကြီး ဦးစိုးသိန်းက အမျိုးသားစီမံကိန်းနဲ့ စီးပွားရေးဖွံဖြိုးတိုးတက်ရေးဝန်ကြီးဌာန ၀န်ကြီး၊ အဲဒီဌာနက ပြည်ထောင်စု ၀န်ကြီး ဦးတင်နိုင်သိန်းက ဘဏ္ဍာရေးနဲ့ အခွန်ဝန်ကြီး၊ အားကစား ၀န်ကြီးဌာနက ဒုတိယ၀န်ကြီး ဦးအေးမြင့်ကြူက ဟိုတယ်နဲ့ခရီးသွားလာရေးလုပ်ငန်း ၀န်ကြီးဌာန ၀န်ကြီး အဖြစ် အသီးသီး ပြောင်းရွှေ့နိုင်တယ်လို့ သိရပါတယ်။
နိုင်ငံတော် သမ္မတကနေ ပြောင်းရွှေ့မယ့် ၀န်ကြီးစာရင်းကို ပြည်ထောင်စုလွှတ်တော်ကို တင်သွင်းမယ် လို့လည်း သိရပါတယ်။
ပြန်ကြားဝန်ကြီးဌာနနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာန ပူးတွဲဝန်ကြီး ဦးကျော်ဆန်း၊ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်လည်း မူလရာထူးကနေ နေရာ အပြောင်းအရွှေ့မှာ ပါဝင်နေတယ်လို့ သိရပါတယ်။