မက်ဆီ၊ ဆွာရက်ဇ်တို့နှင့် တွဲကစားရမည်ကို စိတ်လှုပ်ရှားမိဟု ဗီဒယ် ပြော

မက်ဆီ၊ ဆွာရက်ဇ်တို့နဲ့အတူ တွဲဖက်ကစားရမှာကို စိတ်လှုပ်ရှားမိတယ်လို့ ဘာစီလိုနာ ကစားသမားသစ် ဗီဒယ်က ပြောကြားလိုက်ပါတယ်။ အသက် ၃၁ နှစ်ရှိ ဘိုင်ယန်မြူးနစ် ကွင်းလယ်ကစားသမား ဗီဒယ်ကို ဘာစီလိုနာအသင်းက ပေါင် ၂၇ သန်းနဲ့ ၃ နှစ်စာချုပ် ချုပ်ဆိုပြီး ခေါ်ယူခဲ့တာပါ။ ဘာစီလိုနာအသင်းဆီ ပြောင်းရွှေ့ခွင့်ရတာဟာ မိမိရဲ့အိပ်မက် အမှန်တကယ် ဖြစ်လာတာဖြစ်ပြီး ရည်မှန်းချက်တွေ အောင်မြင်မှုရအောင် လုပ်ဆောင်မယ်လို့ ဗီဒယ်က ဆိုပါတယ်။ မက်ဆီ၊ ဆွာရက်ဇ်၊ ဘက်စ်ကွက်တို့လို ထိပ်တန်းကစားသမားတွေနဲ့ အတူတွဲကစားရမယ့် အပေါ်မှာ စိတ်လှုပ်ရှားမိပြီး ဆုဖလားအားလုံးကို အရယူသွားမယ်လို့ ဗီဒယ်က ပြောကြားခဲ့ပါတယ်။ ဘာစီလိုနာအသင်းဟာ ကွင်းလယ်ကစားသမားတွေဖြစ်တဲ့ အင်နီယေစတာနဲ့ ပေါ်လင်ဟိုတို့ ထွက်ခွာသွားတာကြောင့် ဗီဒယ်ကို အစားထိုးခေါ်ယူခဲ့တာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up