Myanmar Idol ဖိုင်နယ် တက်ရောက်သွားသည့် ချမ်းမြေ့မောင်ချိုနှင့် ပရိသတ်တွေ့ဆုံပွဲ

Myanmar Idol Season 3 ဖိုင်နယ်ပွဲကို တက်ရောက်သွားတဲ့ ချမ်းမြေ့မောင်ချိုရဲ့ ပရိသတ်နဲ့ တွေ့ဆုံပွဲကို Gandamar Wholesale ရဲ့ Grand Ballroom မှာ သြဂုတ် ၅ ရက်နေ့ ညပိုင်းက ကျင်းပခဲ့ပါတယ်။ ချမ်းမြေ့မောင်ချိုဟာ သြဂုတ် ၄ ရက်နေ့ညမှာ ကျင်းပတဲ့ Myanmar Idol Season 3 ပြိုင်ပွဲမှာ ဖြိုးမြတ်အောင်နဲ့အတူ နောက်ဆုံးအဆင့် ပြိုင်ပွဲကို တက်ရောက်သွားတာပါ။ Myanmar Idol Season 3 ဖိုင်နယ်ပွဲကိုတော့ သြဂုတ်လ ၁၁ ရက်နေ့၊ ရန်ကုန်မြို့မှာ ကျင်းပမှာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up