Home
သတင်းဓာတ်ပုံ
ကျောင်းနံရံ တ၀ိုက် ဒေါင်းအလံစိုက်ပြီ (ဓာတ်ပုံ)
DVB
·
August 6, 2018
ရှစ်လေးလုံးလူထုအရေးတော်ပုံကြီး နှစ် ၃၀ ပြည့် အခမ်းအနားကို ရန်ကုန်တက္ကသိုလ်၊ RC ခန်းမမှာ ဒီကနေ့ သြဂုတ် ၆ ရက်ကနေ ၈ ရက်အထိ ၃ရက်ကြာ ကျင်းပနေပါတယ်။ ရှစ်လေးလုံး နှစ် ၃၀ ပြည့်အခမ်းအနားနဲ့အတူ ဒီမိုကရေစီရေး နှစ် (၃၀) ခရီး၊ တိုင်းရင်းသားများ တန်းတူညီမျှရေးနှင့် ဖက်ဒရယ်ပြည်ထောင်စု၊ မြန်မာ့နိုင်ငံရေးနှင့် စစ်အာဏာရှင်စနစ် စတဲ့ ခေါင်းစဉ်တွေနဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေကိုလည်း   ရန်ကုန်တက္ကသိုလ် ၀ိဇ္ဇာခန်းမမှာ ကျင်းပဖို့ရှိနေပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး ABSDF၊ နိုင်ငံရေးအကျဉ်းသား ကူညီစောင့်ရှောက်ရေးကော်မတီ (AAPP)၊ ၁၉၉၆-၉၇ ကျောင်းသားလှုပ်ရှားမှု ပြခန်း၊ ကာတွန်းပြခန်း၊ ၈ လေးလုံးပြတိုက်ပြခန်း၊ 10 D လှုပ်ရှားမှု၊ အကသ ကျောင်းသားလှုပ်ရှားမှု ပြခန်းတွေလည်း ပြသထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024