ဒေါက်တာအေးမောင် လွတ်မြောက်ရေး စစ်တွေတွင် ဆုတောင်းပွဲကျင်းပ (ဓာတ်ပုံ)

နိုင်ငံတော်သစ္စာ ဖောက်ဖျက် ပုန်ကန်မှု အပါအဝင် ပုဒ်မ ၃ ခုနဲ့ ဖမ်းဆီးခံရပြီး အမှုရင်ဆိုင်နေရတဲ့ ဒေါက်တာအေးမောင်နဲ့ စာရေးဆရာ ဝေဟင်အောင်တို့ အမြန်ဆုံး လွတ်မြောက်ဖို့ မနေ့က စစ်တွေမြို့၊ အတုလမာရဇိန်ဘုရားရင်ပြင်မှာ လူပေါင်း၂၀၀ ကျော်က ဆုတောင်းပွဲ လုပ်ခဲ့ကြပါတယ်။ ဒေါက်တာအေးမောင်နဲ့ စာရေးဆရာ ဝေဟင်အောင်တို့ကို ရသေ့တောင်မြို့နယ်မှာ ပြုလုပ်တဲ့ စာပေဟောပြောပွဲနဲ့ပတ်သက်လို့ နိုင်ငံတော်သစ္စာ ဖောက်ဖျက် ပုန်ကန်မှုပုဒ်မ ၁၂၂ နိုင်ငံတော် အကြည်အညိုပျက်စေမှု ပုဒ်မ ၅ဝ၅ (ခ) (ဂ) မတရားအသင်းနဲ့ ဆက်သွယ်မှု ပုဒ်မ ၁၇/၁ တို့နဲ့ ဖမ်းဆီးပြီး တရားစွဲထားတာဖြစ်ပါတယ်။ သူတို့ကို ဖမ်းဆီးတရားစွဲဆိုထားတာ ၈ လနီးပါးရှိပြီဖြစ်ပြီး  သြဂုတ်လထဲ အမှုအပြီးပြတ်နိုင်မယ်လို့ အကျိုးဆောင်ရှေ့နေတွေက ပြောပါတယ်။ ဝဏ္ဏခွာညို

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up