Home
မြန်မာသတင်း
နာဂဒေသ ထွက်ကုန်ပစ္စည်းတင်ပို့ရန် အိန္ဒိယလုပ်ငန်းရှင်များနှင့် ဒေါ်လာ ၅ သန်းဖိုး စာချုပ်
ပိုင်စိုး
·
August 5, 2018
နာဂဒေသထွက်ကုန်ပစ္စည်းတွေကို တရားဝင်တင်ပို့နိုင်ဖို့အတွက် အိန္ဒိယလုပ်ငန်းရှင်တွေနဲ့ ဒေါ်လာ ၅ သန်းဖိုး စာချုပ်ချုပ်ဆိုနိုင်ခဲ့တယ်လို့ နာဂ လုပ်ငန်းရှင်တယောက်က ပြောပါတယ်။ အိန္ဒိယ အရှေ့မြောက်ပိုင်း နာဂလန်းနဲ့ မီဇိုရမ်က လုပ်ငန်းရှင်တွေနဲ့ ဇူလိုင်လကုန်ပိုင်းက စာချုပ် ချုပ်ခဲ့တာလို့ ရွှေနောင်ယန်းကုမ္ပဏီပိုင်ရှင် ဦးဝမ်ယူက ပြောပါတယ်။ “ဒီလိုဖြစ်လာဖို့ ကျနော်တို့ ကြိုးစားခဲ့တာ ပြီးခဲ့တဲ့ နှစ်စပိုင်းကပါပဲ။ အခုသူတို့နဲ့ ကာလကတ္တားမှာ လက်မှတ်ထိုးခဲ့တယ်။ သူတို့က စင်ကာပူဘဏ်ကနေတဆင့် ငွေလွှဲပေးမယ်။ ကျနော်တို့က ဒေသထွက်ကုန်တွေကို နယ်စပ်ဂိတ်ကတင့် တရားဝင် ပို့မှာပါ။ ပဲမျိုးစုံ၊ ချဉ်ပေါင်ဖာလာနဲ့ လိမ္မော်သီးတွေ တင်ပို့ဖို့ ရှိပါတယ်” လို့ ပြောပါတယ်။ ဒီပစ္စည်းတွေကို ပြည်မဘက်ကို တင်ပို့ဖို့ဆိုရင် လမ်းပန်းဆက်သွယ်ရေး ခက်ခဲတယ်လို့လည်း သူက ပြောပါတယ်။ ဒီလိုတင်ပို့ဖို့အတွက် ရွှေနောင်ယန်းကုမ္ပဏီအပါအဝင် ကုမ္ပဏီ ၃ ခုက စာချုပ် ချုပ်ဆိုခဲ့တယ်လို့လည်း သူက ပြောပါတယ်။ စစ်ကိုင်းတိုင်းနဲ့ ချင်းပြည်နယ် နာဂဒေသတွေက ထွက်ကုန်တွေကို တင်ပို့သွားမယ်လို့လည်း ဦးဝမ်းယူက ပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024