DVB Logo
Home
မြန်မာသတင်း
ကလေးစစ်သား ဆက်ရှိနေဆဲ
DVB
·
July 25, 2012
ကလေးစစ်သား ဆက်ရှိနေဆဲ
Donate to DVB

မြန်မာအစိုးရနဲ့ ကုလသမဂ္ဂတို့ အရွယ်မရောက်သေးတဲ့ ကလေးတွေ စစ်မှုထမ်းခြင်းက ကာကွယ်ရေး လက်မှတ်ရေးထိုးထားပေမယ့် မြန်မာ့ တပ်မတော်ထဲမှာ ကလေးစစ်သားတွေရှိပြီး ထွက်ပြေးလာတဲ့ ကလေးစစ်သားတွေကို ဖမ်းဆီးနေတယ်လို့ ကလေးစစ်သားအရေး အကူအညီပေးသူတွေက ပြောပါ တယ်။

ကိုယ်ပိုင်အမှတ် -  တ ၄၅၄၃၆၂ တပ်သား မောင်မျိုးမင်းကို အသက် ၁၆ နှစ် အရွယ် ၂၀၁၁ ခုနှစ်မှာ အတင်းအဓမ္မတပ်ထဲသွင်းခံရပြီး အခုတော့ တပ်ကနေ ထွက်ပြေးပြီး မိဘနေအိမ်ကို ပြန်ရောက်နေပြီ လို့ လူ့အခွင့်အရေးလှုပ်ရှားသူ ကိုမောင်မောင်လေးက ပြောပါတယ်။

[caption id="attachment_28363" align="alignleft" width="297" caption="ကလေးစစ်သား မောင်မျိုးမင်းနှင့် သူ၏မိခင်"][/caption]

“ကောင်လေး နာမည်က မောင်မျိုးမင်း အသက် ၁၆ နှစ် ၅ လနဲ့ ၁၃ ရက်လောက်မှာ ကလေးစစ်သား အဖြစ် စုဆောင်းခံလိုက်ရတာပေါ့။ ဒုတပ်ကြပ် ဦးဆန်းဦးကနေ မင်း တပ်ထဲမှာ ဘာမှ လုပ်စရာ မလိုဘူး။ ပိုက်ဆံအများကြီး ပေးမယ်ဆိုပြီး လိမ်ညာပြီး ခေါ်သွားတဲ့ ကလေးပေါ့ဗျာ။ အခု ကလေးက တပ်ကနေ မိဘနေရပ်ကို ထွက်ပြေးလာတာပေါ့ဗျာ။”

ကိုယ်ပိုင်အမှတ် - တ ၄၁၃၆၃၆ တပ်သား မောင်ရေချမ်းကိုလည်း အိမ်ပြန်ရောက်ပြီးမှ မိခင်တပ်ရင်း က ပြန်ခေါ်သွားလို့ ဘယ်ရောက်နေမှန်း စုံစမ်းလို့ မရသေးဘူးလို့ ကိုမောင်မောင်လေးက ပြောပါတယ်။

“ကလေးနာမည်က မောင်ရေချမ်း၊ အဖေနာမည်က ဦးညီနိုင်၊ အမေနာမည်က ဒေါ်စံပယ်၊ ကလေးရဲ့ မွေးသက္ကရာဇ်က ၁၉၉၆ ခုနှစ် မတ်လ ၁၃ ရက်။ နေရပ်လိပ်စာက လှိုင်သာယာ၊ ကလေးက ဒါနဲ့ပါဆို ၄ ကြိမ်မြောက် ပြန်အဖမ်းခံရခြင်းပဲ။ သူ့တပ်ရင်းက ခမရ ၃၁၂။ ရှမ်းပြည်မြောက်ပိုင်း ကွမ်းလုံက။ သူတို့မိခင်တပ်ရင်းကဆိုပြီး လာပြန်ဖမ်းခေါ်သွားတယ်။ ဘယ်မှာရှိတယ်ဆိုတာ ကျနော်တို့ မသိဘူး။”

မြန်မာ့တပ်မတော်ထဲမှာ ကလေးစစ်သားမသုံးဖို့နဲ့ ရှိထားနှင့်ပြီးသား ကလေးစစ်သားတွေကို ပြန် လွှတ်ပေးဖို့ နှစ်ဖက်တာဝန်ရှိသူတွေ ဇွန် ၂၇ ရက်နေ့က နေပြည်တော်မှာ လက်မှတ်ထိုးခဲ့ပါတယ်။ ဒါပေမယ့် အခုအချိန်အထိတော့ ကလေးစစ်သားကိစ္စတွေ ဆောင်ရွက်တာ အားနည်းနေတုန်းပဲလို့ ကိုမောင်မောင်လေးက သုံးသပ်ပြောဆိုပါတယ်။

“အစိုးရနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေ ကလေးစစ်သားပပျောက်ရေး ဆောင်ရွက်နေတဲ့ ကိစ္စတွေ လက်မှတ်တွေတော့ ထိုးတာပဲ။ လက်မှတ်ထိုးတာတွေကိုတော့ ကြိုဆိုရမှာပဲ။ ဒါပေမယ့် အကျိုးရလဒ်က ကလေးစစ်သားတွေ အပေါ် ကာကွယ်မှုက အင်မတန် အားနည်းနေတုန်းပဲ။”

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013