Home
မြန်မာသတင်း
ရဲအရာရှိ အတတ်​သင်​တန်း​ကျောင်းတွင် နေထိုင်သူများကို အင်အားသုံးဖယ်ရှားခိုင်း
Aung Aung Naing
·
August 5, 2018
38502303_151924545698045_1592080652197429248_n
38501256_151924792364687_4080617791927877632_n
38469396_151925069031326_5144558698126901248_n
38466896_151924749031358_3616374652349186048_n
38444448_151926952364471_3833267253801910272_n
38444377_151925162364650_6469880185700220928_n
38438025_151924509031382_8393275040312852480_n
38432218_151925102364656_72344673946959872_n
38422908_151924582364708_6360371563467898880_n
မန္တ​လေးမြို့ ချမ်း​အေးသာစံမြို့နယ် ​ပြည်​ကြီးမျက်​မှန်​ရပ်​က ရဲအရာရှိ အတတ်​သင်​တန်း ​ကျောင်းက တိုက်​ခန်း​ပေါင်း ၃ဝ မှာ ​နေထိုင်တဲ့ မိသားစုဝင်​​တွေကို ဒီနေ့ ရဲအင်​အားသုံး ဖယ်ရှားခဲ့တဲ့အ​ပေါ် မ​ကျေမနပ်​ ဖြစ်နေကြပါတယ်​။ “ကျမတို့​နေထိုင်​လာတာ နှစ်​ကို ၂၀​ ကျော်​လာပြီ​လေ။ ခြ​င်္သေ့မင်းကုမ္ပဏီနဲ့ ကန်​ထရိုက် ​ဦးတူးတူးတို့က အခန်း ၁၅ ခန်းဆီ ​ဆောက်​ပြီး​ရောင်းခဲ့လို့ ကျမတို့က အဲဒီခတ်​က သိန်း ၁၀၀ နဲ့ ဝယ်​ခဲ့တာပါ။ မြန်​မာနိုင်​ငံ ရဲတပ်​ဖွဲ့အ​နေနဲ့လည်း အခန်းလခ လာ​ကောက်​တယ်​၊ မိခင်​နဲ့ က​လေး​စောင့်​​ရှောက်​​ရေးအသင်းအ​နေနဲ့လည်း ရန်​ပုံ​ငွေဆိုပြီး ​ကောက်​တယ်။ အခု​တော့ ကျမတို့ကို​ အင်​အားအလုံးအရင်းနဲ့​ မောင်းထုတ်​တယ်၊​ ကျမတို့ကို ဝိုင်းကူညီ​ပေးကြပါ”လို့ ​ဒေါ်ချစ်​က ​ပြောပါတယ်​။ “ပြည်​သူ​တွေကို ကူညီ​ပေးရမယ့်အစား ပြည်​သူ​တွေကို ဒုက္ခ​ပေး​နေတာက ပြည်​သူရဲ​တွေပါ။ ကူညီပါရ​စေဆိုပြီး ဘာများကူညီ​ပေးခဲ့တာရှိလဲ​ မေးချင်​တယ်​။ တာဝန်​ခံမှု တာဝန်​ယူမှုမရှိတဲ့ အစိုးရခေတ်​မှာ လူလာဖြစ်​ရတာကိုက ကံဆိုးလွန်းတယ်။ မဖယ်​ရင်​ အိမ်​မှာ ၅ ယောက်​ရှိရင်​ ၅​ယောက်​လုံး ဖမ်းမယ်​ ​ထောင်​ ၃ နှစ်​ချမယ်​လို့လည်း ခြိမ်း​ခြောက်​သွားတာ” လို့ မအဉ္ဖလီက ပြောပါတယ်။ တိုက်​ခန်းရှင်​​တွေအ​နေနဲ့ သြဂုတ်​လ ၃၁ ရက်​​နေ့ကို အပြီးအပိုင်​ထွက်​​ပေးဖို့ ခံဝန်​ကတိကို အမှတ်​ ၃ နယ်​​မြေရဲစခန်းကို သွား​ရောက်​လက်မှတ်​ထိုးကြရမယ်​လို့ ရဲမှူးကြီး မင်း​အောင်​က ​ပြောပါတယ်​။ အရင်​ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ​​​ဗဟို​လေ့ကျင့်ရေးဌာနအမည်​နဲ့ တည်​ရှိခဲ့ပြီး ၂ဝ၁၂ ခုနှစ်​ကျမှ မြန်​မာနိုင်​ငံ ရဲတပ်​ဖွဲ့ ရဲအရာရှိ အတတ်​သင်​တန်း​ကျောင်​အဖြစ် စတင်​​ပြောင်းလဲခဲ့တာပါ။ ၁၉၉၅ ခုနှစ်​မှာ ကန်​ထရိုက်​နဲ့ အ​ရောင်းအဝယ်​စာချုပ်​ဆိုခဲ့ပြီး ၁၉၉၇ ခုနှစ်​မှာ ရဲအတတ်​သင်​ သိပ္ပံ​ကျောင်းသက်​သာဆိုင်​ခန်း ကြီးကြပ်​မှုကော်​မတီအ​နေနဲ့ စာချုပ်​ကို ပြန်​လည်​ချုပ်​ဆိုခဲ့တာ ဖြစ်​ပါတယ်​။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024