ဘုတ်ပြင်းတွင် ကျား ၂ ကောင် သတ်ဖြတ်သူ ၃ ဦးအား အမှုဖွင့်
DVB
·
August 5, 2018
တနင်္သာရီတိုင်း၊ ဘုတ်ပြင်းမြို့နယ် လေညာကြိုးဝိုင်း လေညာအမျိုးသားဥယျာဉ် ထဲမှာ ဇူလိုင် ၅ ရက်နေ့က ကျားနှစ်ကောင်ကို သတ်ဖြတ်ခဲ့မှု သံသယနဲ့ လူ ၃ ယောက်ကို အမှုဖွင့်စုံစမ်းနေတယ်လို့ ပြည်ထဲရေးသတင်းမှာ ဖော်ပြထားပါတယ်။
ကျားထီး ၁ ကောင်ကို ဦးအောင်နိုင် (စိစစ်ဆဲ) က ပစ်ခတ်သတ်ဖြတ်ခဲ့ပြီး ဦးမြင့်ဦး (စိစစ်ဆဲ) ရဲ့ နေအိမ်မှာ အရေခွံခွာတာတွေ ပြုလုပ်ခဲ့တယ်၊ ဦးသိန်းမြင့်ဦး (စိစစ်ဆဲ) က ကျားမ ၁ ကောင်ကို သတ်ဖြတ်ခဲ့တယ်ဆိုပြီး မြို့နယ်သစ်တောဦးစီးဌာနက တိုင်တန်းထားတယ်လို့ ဆိုပါတယ်။
ဦးအောင်နိုင်အပါအဝင် ၃ ယောက်ကို ဘုတ်ပြင်း မြို့မရဲစခန်းက ဇီဝမျိုးကွဲနဲ့ သဘာဝထိန်းသိမ်းရေးနယ်မြေများ ကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၄၁(က) နဲ့ အမှုဖွင့် စုံစမ်းနေတယ်လို့ သိရပါတယ်။