Home
မြန်မာသတင်း
မဒေါက်၊ ဘားအံနှင့် သာပေါင်းမြို့တို့၏မြစ်ရေ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိ
DVB
·
August 5, 2018
38507720_1091709374317473_8193783236866867200_n
မဒေါက်၊ ဘားအံနဲ့ သာပေါင်းမြို့တို့ရဲ့ မြစ်ရေဟာ စိုးရိမ်ရေမှတ်အထက်မှာ ဆက်လက်တည်ရှိနိုင်တယ်လို့ မိုးဇလက ထုတ်ပြန်ပါတယ်။ ဒီနေ့မြန်မာစံတော်ချိန် မွန်းလွဲ ၁ နာရီခွဲ တိုင်းထွာချက်အရ စစ်တောင်းမြစ်ရေဟာ မဒေါက်မြို့ရဲ့ စိုးရိမ်ရေမှတ်အထက် ၃ ပေခွဲလောက် ကျော်လွန်နေပြီး နောက် ၂ ရက်အတွင်း ၁ ပေခွဲလောက် ကျဆင်းနိုင်ပြီး စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်ပါတယ်။ သံလွင်မြစ်ရေဟာ ဘားအံမြို့ရဲ့ စိုးရိမ်ရေမှတ်အထက် ၄ ပေလောက် ကျော်လွန်နေပြီး နောက် ၂ ရက်အတွင်း ၁ ပေခွဲလောက် ကျဆင်းနိုင်ပြီး စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်ပါတယ်။ ငဝန်မြစ်ရေဟာ သာပေါင်းမြို့ရဲ့ စိုးရိမ်ရေမှတ်အထက် ၂ လက်မလောက် ကျော်လွန်နေပြီး နောက် ၂ ရက်အတွင်း စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်ပါတယ်။ ဒါကြောင့် မဒေါက်မြို့၊ ဘားအံမြို့နယ်နဲ့ သာပေါင်းမြို့နယ်တွေအတွင်းရှိ မြစ်ကမ်းအနီးနဲ့ မြေနိမ့်ပိုင်း နေထိုင်သူတွေ အထူးသတိပြု နေထိုင်ကြပါရန် မိုးဇလက အကြံပြုထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024