ဝန်ကြီးဌာနနှင့်အစိုးရအဖွဲ့များကို လှူဒါန်း၊ လက်ဆောင်ပေးခြင်းမလုပ်ရန် တားမြစ်
DVB
·
August 5, 2018
ကုမ္ပဏီတွေ၊ စီးပွားရေး အဖွဲ့အစည်းတွေအနေနဲ့ ဝန်ကြီးဌာနတွေ၊ အစိုးရအဖွဲ့တွေကို လှူဒါန်းတာ၊ လက်ဆောင်ပေးတာတွေ မလုပ်ဖို့ ရင်းနှီးမြှုပ်နှံမှုနဲ့ ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန က ထုတ်ပြန်လိုက်ပါတယ်။
ကုမ္ပဏီတွေ၊ စီးပွားရေးအဖွဲ့အစည်းတွေအနေနဲ့ လုပ်ငန်းဆောင်ရွက်တဲ့အခါ ဆက်စပ် ဝန်ကြီး ဌာနတွေ၊ အစိုးရအဖွဲ့အစည်းတွေနဲ့ ထိတွေ့ဆောင်ရွက်ရာမှာ၊ ပုဂ္ဂလိက ကုမ္ပဏီအဖွဲ့အစည်း အချင်းချင်း စီးပွားရေးလုပ်ငန်းတွေ ဆောင်ရွက်ရာမှာလိုက်နာဖို့ ကျင့်ဝတ်အနေနဲ့ ထုတ်ပြန်လိုက်တာပါ။
အဂတိလိုက်စားမှု ကာကွယ်ရေးအတွက် ထုတ်ပြန်တာဖြစ်ပြီး လက်ဆောင်၊ ဧည့်ဝတ်ကျေပွန်မှုနဲ့ ဖျော်ဖြေမှု ပေးတာတွေကို တိုက်ရိုက်ပဲဖြစ်ဖြစ်၊ သွယ်ဝိုက်ပြီးတော့ဖြစ်ဖြစ် ပေးတာကို ရှောင်ကြည်ရမယ်လို့ ဆိုပါတယ်။
ပြီးတော့ ခရီးသွားလာရာမှာ ပံ့ပိုးပေးတာနဲ့ လုပ်ငန်းတွေ ချောမွေ့စေဖို့အတွက်လည်း မပေးဖို့၊ လူမှုရေးဆိုင်ရာ၊ နိုင်ငံရေးဆိုင်ရာ ထည့်ဝင်လှူဒါန်းတာတွေ မလုပ်ဖို့ကိုလည်း တားမြစ်ထားပါတယ်။
ကုမ္ပဏီအဖွဲ့အစည်းတွေမှာ ဝန်ထမ်းခန့်အိပ်ရာမှာလည်း ဆက်စပ်အဖွဲ့အစည်းတွေ အကြား ကိုယ်ကျိုး စီးပွားအတွက် တိုက်ရိုက်နဲ့သွယ်ဝိုက်ပြီး ပံ့ပိုးမှုမပေးရဘူးလို့လည်း ဖော်ပြထားပါတယ်။