Home
မြန်မာသတင်း
မကွေးတက္ကသိုလ်ကျောင်းပေါင်းစုံ ကိုယ်စားပြုအလှမယ်များကို မိတ်ဆက်ပွဲပြုလုပ်
DVB
·
August 5, 2018
မကွေးတိုင်းဒေသကြီး မကွေးမြို့ MY ခန်းမမှာ သြဂုတ် ၄ ရက်နေ့ ညနေပိုင်းက Miss The Whole Universties Magway 2018 တက္ကသိုလ် ကျောင်းပေါင်းစုံ အလှမယ် ရွေးချယ်ပွဲကြီးရဲ့ ကိုယ်စားပြုအလှမယ်များကို မီဒီယာမိတ်ဆက်ပွဲအခမ်းအနား ပြုလုပ်ခဲ့ပါတယ်။ Miss The Whole Universties Magway 2018 ပွဲစီစဉ်သူ ကိုအာကာက "ရန်ကုန် မန္တလေးလိုမြို့ကြီးတွေမှာဆိုရင် တက္ကသိုလ်ပေါင်းစုံပွဲတွေလုပ်တယ်။ ကျနော်တို့ မကွေးမြို့ ကိုယ်စားပြုကနေ နိုင်ငံတကာ ကိုယ်စားပြုတဲ့ အလှမယ်လေးတွေ ပေါ်ထွက်လာဖို့ ရည်ရွယ်ပါ တယ်။ Final ပြိုင်ပွဲအနေနဲ့ သြဂုတ်လ ၁၂ ရက်နေ့ မကွေးမြို့တော်ခန်းမမှာ ကျင်းပမှာဖြစ်တယ်။ ဒီပွဲဖြစ်မြောက်ဖို့အတွက် သြဂုတ်လ ၁ ရက်နေ့က စတင်ဆောင်ရွက်ခဲ့တာဖြစ်ပြီး မနေ့က မီဒီယာ မိတ်ဆက်ပွဲပြုလုပ်ကာ ၆ ရက်နေ့ ပုဂံလော့တက် ဟိုတယ်မှာ Talent ပြိုင်ပွဲကျင်းပမှာ ဖြစ်တယ်”လို့ ပြောပါတယ်။ မကွေးဆေးတက္ကသိုလ်ကိုယ်စားပြုအလှမယ် မမေသူထွန်းက "ပြိုင်ပွဲစဝင်ကတည်းက ကျောင်းရဲ ဂုဏ်ကိုဆောင်ချင်တယ်။ တခြားကျောင်းက သူငယ်ချင်းတွေနဲ့လည်း ခင်မင်ရင်းနှီးခွင့် ရချင်တယ်။ သူငယ်ချင်းတွေလည်း ပေါများလာမယ်။ ကျောင်းဂုဏ်ဆောင်နိုင်ဖို့အတွက် ဆုတံဆိပ်တခုခုရအောင် ကြိုးစားသွားမှာပါ"လို့ ဆိုပါတယ်။ မကွေးနည်ပညာတက္ကသိုလ် ကိုယ်စားပြုအလှမယ် မနှင်းသက်သက်ဝင်းက "ဒီပွဲကို လာရောက်ယှဉ်ပြိုင်ရခြင်းက ကိုယ့်ကိုကိုယုံကြည်မှုတွေရလာပြီး အတွေ့ကြုံတွေလည်း အများကြီးရလာမယ်။ ကျောင်းအတွက် ဆုတစ်ခုခုရအောင် အကောင်းဆုံး ကြိုးစားသွားပါမယ်။ အရင်တုန်းကတော့ကျောင်းမှာလုပ်တဲ့ ပွဲတပွဲပြိုင်ဖူးတယ်။ ဒီပွဲအတွက် အကောင်းဆုံး ကြိုတင်ပြင်ဆင်မှုတွေ လုပ်ထားတယ်"လို့ ဆိုပါတယ်။ အဆိုပါအခမ်းနားသို့ မကွေးမြို့ရှိ တက္ကသိုလ် အသီးသီးမှ ကိုယ်စားပြုအလှမယ် ၂၀ ဦး တက်ရောက်ခဲ့တယ်လို့သိရပါတယ်။ သတင်း-မင်းထီး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024