Home
မြန်မာသတင်း
အေစီမီလန်ကို ပြောင်းရွှေ့ရန် ဆုံးဖြတ်ခဲ့မှု ဟီဂူအင် ရှင်းလင်း
DVB
·
August 5, 2018
ချဲလ်ဆီးအသင်းနည်းပြတဦးတည်းသာ သူ့ကိုလိုချင်တာ ဖြစ်ပြီး အေစီမီလန်ကတော့ တသင်းလုံးက သူ့လိုချင်နေတာကြောင့် ပြောင်းရွှေ့ဖို့ဆုံးဖြတ်ခဲ့တာလို့ ဟီဂူအင်က ပြောကြားလိုက်ပါတယ်။ အေစီမီလန်အသင်းအနေနဲ့ ဟီဂူအင်ကို အခုရာသီ အငှားစာချုပ် ပေါင် ၁၆ သန်းအပြင် လာမယ့်ရာသီ ပြောင်းရွှေ့ကြေး ပေါင် ၃၂.၁ သန်းနဲ့အတူ ခေါ်ယူနိုင်ခဲ့တာဖြစ်ပါတယ်။ ဟီဂူအင်ဟာ စီးရီးအေမှာ ဂျူဗင်တပ်စ်အသင်းနဲ့အတူ ဖလား ၂ လုံး ၇၆ ပွဲမှာ ဂိုး ၄၀ ထိ သွင်းယူပေးခဲ့ပါတယ်။ ဟီဂူအင်အပြင် ကဲလ်ဒါရာပါ အေစီမီလန်အသင်းကို ရောက်ရှိခဲ့တာဖြစ်ပြီး ဘိုနူချီကိုတော့ အသင်းဟောင်း ဂျူဗင်တပ်စ်အသင်းကို ပြန်လည်ပြောင်းရွှေ့စေခဲ့ပါတယ်။ အခုအပြောင်းအရွှေ့ကြောင့် ချဲလ်ဆီး ပစ်မှတ်ကစားသမားတဦး လွဲချော်ခဲ့ရတာဖြစ်ပြီး အသင်းအနေနဲ့ ဂျော်ဂျင်ဟို တဦးတည်းကိုသာ ခေါ်ယူထားနိုင်ခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024