Home
မြန်မာသတင်း
Ki Ki Challenge အလုပ်ကောင်းလို့ ကားနှင့်ဝင်ဆောင့်မိခဲ့သည့် ရုရှားအဆိုတော်
DVB
·
August 4, 2018
လက်ရှိနာမည်ကြီးနေတဲ့ Ki Ki Challenge ကို အလုပ်ကောင်းတဲ့ ရုရှားအဆိုတော်တဦးဟာ ကားကို ဝင်ဆောင့်မိခဲ့တဲ့ ဗွီဒီယိုဖိုင်ဟာ လူမှုကွန်ရက်မှာ နာမည်ကြီးနေပါတယ်။ Ki Ki Challenge ဆိုတာ Drake ရဲ့ In My Feeling ဆိုတဲ့သီချင်းကိုဖွင့်ကာ ဖြည်းဖြည်းလေးမောင်းနေတဲ့ကားပေါ်က နေခုန်ဆင်းပြီး ကရတဲ့ Challenge ဖြစ်ပြီး ဒါကို ကမ္ဘာတဝန်းလုံးက လူထောင်ပေါင်းများစွာက ပါဝင်ပြုလုပ်ကာ သူတို့ရဲ့ကကွက်တွေကို ဗွီဒီယိုရိုက်ကူး ပြန်လည်မျှဝေနေကြပါတယ်။ အဲ့ဒီထဲမှာ ရုရှားနိုင်ငံက အမျိုးသမီးငယ်တဦးလည်း ပါဝင်ခဲ့ပါတယ်။ ဒါပေမယ့် သူ့ရဲ့ဗွီဒီယိုဖိုင်ကတော့ ရယ်စရာဖြစ်ခဲ့ပါတယ်။ တန်ယာဂျာ မန်နဲ့ သူရဲ့အဖော်တစ်ဦးတို့ဟာ တောတွင်းတနေရာမှာ Ki Ki Challenge လုပ်ခဲ့တာကို ဗွီဒီယိုဖိုင်မှာမြင်တွေ့ခဲ့ရပါတယ်။ ဗွီဒီယိုဖိုင်အရ တန်ယာဟာ သွားနေတဲ့ ကားပေါ်ကနေ ခုန်ဆင်းပြီး ကနေတာ ကို တွေ့ခဲ့ရပါတယ်။ ဒါပေမယ့် ကံမကောင်းစွာနဲ့ သွားနေတဲ့ကားက ရုတ်တရက် ရပ်သွားခဲ့လို့ ကနေတဲ့ တန်ယာတယောက် ကားကိုဝင်ဆောင့်မိကာ နောက်ကို ပက်လက်လန်လဲကျသွားခဲ့ရတာပဲ ဖြစ်ပါတယ်။ သူလဲကျ သွားတဲ့နောက်မှာ သူ့အတွက် ကားမောင်းပေးနေတဲ့ အဖော်ဖြစ်သူရဲ့ အားရပါးရအော်ဟစ်ရယ်မောသံကိုလည်း ကြားခဲ့ရပါတယ်။ ဒီဗွီဒီယိုဖိုင်ကို တန်ယာကိုယ်တိုင်က သူမရဲ့အင်စတာဂရမ်စာမျက်နှာမှာ “အရမ်းကြီးအကြွားသန်ရင် ဒီလိုဖြစ်ပါတယ်” ဆိုတဲ့ စားသားနဲ့အတူ မျှဝေခဲ့တာဖြစ်ပြီး ဒါဗွီဒီယိုကို လူပေါင်း ၁၁၅ဝဝဝ ကျော်က ဝင်ရောက် ကြည့်ရှုမှတ်ချက်ပေးခဲ့တယ်လို့ သိရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024