Home
မြန်မာသတင်း
ကျောက်မီးသွေးမိုင်းပြိုကျ လူသေဆုံးမှု ကုမ္ပဏီကို စုံစမ်းစစ်ဆေးရန် ဆက်သွယ်မရဟု ရဲပြော
DVB
·
August 4, 2018
လူသေဆုံးမှုတွေ ရှိခဲ့တဲ့ ကလေးဝမြို့နယ် ရွှေပေါက်လုပ်ကွက် သစ်ခြောက်ကျောက်မီးသွေးမိုင်း ပြိုကျတဲ့ ဖြစ်စဉ်နဲ့ ပတ်သက်လို့ ရဲတပ်ဖွဲ့က သွားရောက် စစ်ဆေးစဉ်မှာ ကုမ္ပဏီတာဝန်ခံနဲ့ မန်နေဂျာ မရှိဘဲ ဆက်သွယ်လို့လည်း မရခဲ့ဘူးလို့ ကလေးဝမြို့ ရဲတပ်ဖွဲ့မှူး ရဲမှူးဝင်းနိုင်က ဆိုပါတယ်။ သြဂုတ်လ ၂ ရက်နေ့ညက ဖြစ်ပွားခဲ့တဲ့ ကျောက်မီးသွေးတွင်း ပြိုကျရာမှာ သက်ဆိုင်ရာကို အကြောင်းကြား ဆက်သွယ်တာမျိုး မရှိဘဲ ဆေးရုံကို တွင်းပြိုကျမှုကနေ လွတ်မြောက်လာတဲ့ လုပ်သားတွေ ရောက်ရှိလာမှ ရဲတပ်ဖွဲ့က သွားရောက် စစ်ဆေးခဲ့ရတာဖြစ်ပြီး တာဝန်ရှိသူတွေကို ဆက်သွယ်စုံစမ်းလို့ မရခဲ့ပါဘူး။ “လွတ်လာတဲ့ လုပ်သား ၄ ယောက် ဆေးရုံရောက်မှ သိရတော့မှ သွားစစ်ဆေးတဲ့အခါ ကုမ္ပဏီမှာ တာဝန်ခံလည်း မရှိဘူး။ မန်နေဂျာ ဘယ်မှာလဲ မေးတာ မရဘူး။ ဖုန်းနံပါတ်ပေးတော့လည်း ဆက်သွယ်မရဘူး" လို့ ရဲမှူး ဝင်းနိုင်က ဆိုပါတယ်။ ဒီကျောက်မီးသွေးတွင်း ပြိုကျရာမှာ လူ ၉ ယောက် တွင်းပိတ်မိပြီး တရုတ်နိုင်ငံသား ၁ ဦးနဲ့ မြန်မာနိုင်ငံသား ၄ ဦး သေဆုံးခဲ့ရပါတယ်။ ကျန်တဲ့ မြန်မာလုပ်သား ၄ ယောက်ကတော့ ကလေးဝပြည်သူ့ဆေးရုံမှာ ဆေးကုသမှု ခံယူနေရပြီး စိုးရိမ်စရာ မရှိဘူးလို့ သိရပါတယ်။ ပေ ၇ဝဝ လောက်နက်တဲ့တွင်းကို လွန်နဲ့ဖောက်ရင်း ဂက်စ်ထွက်တာကနေ မီးပွင့်ပေါက်ကွဲတာလို့ ယူဆကြောင်း ကယ်ဆယ်ရေးမှာ ပါဝင်သူတယောက်က ဒီဗွီဘီကို ပြောပြပါတယ်။ မင်းရဲစစ်နိုင်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024