ရေဘေးသင့်ပြည်သူများအတွက် ဂျပန်က ဆန်တန်ချိန် ၅၀ လှူဒါန်း
DVB
·
August 4, 2018
ရေဘေးသင့်ပြည်သူတွေအတွက် asean + 3 အရေးပေါ် ဆန်ရိက္ခာ အစီအစဉ် ၃ အရ ဂျပန်နိုင်ငံက ဆန်တန်ချိန် ၅၀ ပဲခူးတိုင်းဒေသကြီး ရေဘေးကယ်ဆယ်ရေး ကွပ်ကဲမှုရုံးကို လာရောက်လှူဒါန်းခဲ့ပါတယ်။
ပဲခူးမြို့ ဗုဒ္ဓအသံ ဓမ္မဗိမာန်မှာ ဖွင့်လှစ်ထားတဲ့ ပဲခူးတိုင်းဒေသကြီး ရေဘေးကယ်ဆယ်ရေးကွပ်ကဲမှုရုံးမှာ ဆန်တန်ချိန် ၅၀ အား ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဝင်းသိန်းထံ ဒီနေ့မနက်ပိုင်းက လွှဲပြောင်းပေးအပ်လှူဒါန်းခဲ့တာဖြစ်ပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ပါတယ်။
ပဲခူးတိုင်းဒေသကြီးအစိုးရရဲ့ သြဂုတ်လ ၃ ရက်နေ့ ထုတ်ပြန်ချက်အရ လူဦးရေ ၆၄၀၀၀ ကျော် ရေဘေးကယ်ဆယ်ရေးစခန်း ၁၃၅ ခုမှာ ခိုလှုံနေကြရတယ်လို့ သိရပါတယ်။
အောင်စိုးမိုး