ကျောက်တင်ကား အထက်တန်းကျောင်းကို ၀င်တိုက်၊ ၁၇ ဦး ဒဏ်ရာရ
DVB
·
July 24, 2012
ကျောက်တင်ကားတစီး ဒီနေ့ မနက် ၉း ၄၅ နာရီဝန်းကျင်ခန့်မှာ မွန်ပြည်နယ် မော်လမြိုင်မြို့က အမှတ် ၁၀ အထက်တန်းကျောင်းကို အရှိန်လွန်ပြီး ဝင်တိုက်ခဲ့တဲ့အတွက် ၁၇ ဦး ဒဏ်ရာရှိခဲ့ပါတယ်။
သံလွင်တံတားကနေ မုတ္တမ-မော်လမြိုင်ဘက်ကမ်းကို မောင်းနှင်လာတဲ့ ကျောက်တင်ယဉ် အမှတ် ၈က/၉၈၃၄ ဟာ တံတားအဆင်းမှာ ဘရိတ်ပေါက်ပြီး အမှတ် ၁၀ အထက်တန်းကျောင်း ခြံစည်းရိုးကို ဖောက်တိုက်ပြီး ၁၀ တန်း (အေ) စာသင်ခန်းထဲကို ဝင်ရောက်တိုက်မိတာ ဖြစ်ပါတယ်။
ယာဉ်တိုက်မှုကြောင့် ဆရာမ ၁ ဦးအပါဝင် ကျောင်းသား၊ ကျောင်းသူ ၁၇ ဦးခန့် ဒဏ်ရာရရှိသွားပြီး မော်လမြိုင်ဆေးရုံကြီးကို အရေးပေါ် တင်ပို့လိုက်ရပါတယ်။ ယာဉ်မောင်းကို သက်ဆိုင်ရာက ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ သိရပါတယ်။
[album: http://burmese.dvb.no/wp-content/plugins/dm-albums/dm-albums.php?currdir=/wp-content/uploads/dm-albums/car accident/]