Live
Home
မြန်မာသတင်း
ကလေးဝတွင် ကျောက်မီးသွေးတွင်းပြိုကျ၍ တရုတ်နိုင်ငံသား ၂ ဦးပါ လူ ၁ဝ ဦး ပိတ်မိနေ
DVB
·
August 3, 2018
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့နယ်မှာ ကျောက်မီးသွေးတွင်း ပြိုကျပြီး တရုတ်နိုင်ငံသား ၂ ဦး အပါအဝင် လူ ၁ဝ ဦး ကျင်းအတွင်း ပိတ်မိနေတယ်လို့ တိုင်းအစိုးရက သတင်းထုတ်ပြန်ပါတယ်။ သြဂုတ် ၂ ရက်ညက ကလေးဝမြို့နယ်၊ သစ်​​ချောက်​​ကျေးရွာအနီး တည်ရှိတဲ့ ရွှေ​ပေါက်​​ပေါက်​ ကုမ္ပဏီလုပ်ကွက် ကျောက်မီးသွေးတွင်း ပြိုကျပြီး  တရုတ်​နိုင်​ငံသား ၂ ဦးနဲ့ မြန်​မာနိုင်​ငံသား ၈ ဦး ကျင်းအတွင်း ပိတ်​မိ​နေတယ်လို့ တိုင်းအစိုးရသတင်းမှာ ဖော်ပြထားပါ တယ်။ ကျောက်မီးသွေးတွင်း ပြိုကျမှုကို ဒီနေ့မနက်ကမှ သက်ဆိုင်ရာဒေသအုပ်ချုပ်ရေးထံ ကုမ္ပဏီက အကြောင်းကြားသတင်းပို့ခဲ့ပါတယ်။ သတင်းရရချင်း စစ်ကိုင်းတိုင်းဒေသကြီးအစိုးရ၊ ကလေးခရိုင်ထွေအုပ်ရုံးနဲ့ ကလေးဝမြို့နယ်က ကယ်ဆယ်ရေးတွေ  လူနာတင်ကားတွေနဲ့ ကျောက်မီးသွေးတွင်းကို သွားရောက်နေကြတယ်လို့လည်း တိုင်းအစိုးရသတင်းမှာ ဖော်ပြပါတယ်။ Photo : Sagaing Regional lnformation Page

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024