နောက်ခံလူ ဒါမီယန်နှင့် အော်ရီယာတို့ကို နာပိုလီ ခေါ်ယူရန် ပစ်မှတ်ထား

စီးရီး​အေကလပ် နာပိုလီအသင်းဟာ မန်​ချက်​စတာယူနိုက်​တက်​ ​နောက်​ခံလူ ဒါမီယန်​နဲ့ စပါးအသင်းရဲ့ ညာ​နောက်​ခံလူ ​အော်​ရီယာတို့ကို ​ခေါ်ယူဖို့ ပစ်​မှတ်​ထား​နေပါတယ်​။ မန်​ချက်​စတာယူနိုက်​တက်​အသင်းက​တော့ ဒါမီယန်​အတွက် ပေါင်​ ၁၈ သန်း လိုချင်​​နေ​ပေမယ့် နာပိုလီက​တော့ အငှါးစာချုပ်​နဲ့ ခေါ်ယူလို​နေတာပါ။ အန်ဆယ်လော့တီ ကိုင်​တွယ်​​နေတဲ့ နာပိုလီအသင်းဟာ စပါးညာ​နောက်​ခံလူ ​အော်ရီယာကို ​ခေါ်ယူဖို့ ချိတ်​ဆက်​​နေခဲ့​ပေမယ့် ​ပီအက်​စ်​ဂျီက​နေ ပြီးခဲ့တဲ့ရာသီကမှ ရောက်​ရှိလာခဲ့တဲ့​ နောက်​ခံလူဟာ စပါးမှာပဲ ​ပျော်​ရွှင်​​နေပါတယ်။ စပါးအသင်းအ​နေနဲ့လည်း ကမ္ဘာ့ဖလားမှာ တောက်​ပလာခဲ့တဲ့ ကီလီယန်​ ထရစ်​ပီယာ ဒဏ်​ရာ​ကြောင့် နားနေရတဲ့အတွက် ​အော်​ရီယာကို ဆက်​လက်​ထိန်းသိမ်းဖွယ်​ ရှိနေပါတယ်။ ဒါမီယန်​ကိုသာ အငှါးနဲ့​ ခေါ်ယူနိုင်​ဖွယ်​ မရှိဘူး ဆိုရင်​​တော့ စပါးအသင်းက အော်​ရီယာဟာ အန်ဆယ်လော့တီရဲ့ မဖြစ်​မ​နေ ပစ်မှတ်တ​ခု ဖြစ်​လာဖို့ ရှိနေပါတယ်​။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up