Home
မြန်မာသတင်း
မြန်မာ-အိန္ဒိယနယ်စပ်တွင် Border Pass စနစ်ဖြင့် ဝင်ထွက်သွားလာခွင့်ပြုမည်
DVB
·
August 2, 2018
ယာဉ်ဖြတ်သန်းခွင့် ပိတ်ထားလို့ ကုန်သည်တွေ အခက်တွေ့နေတဲ့ ချင်းပြည်နယ်၊ ရိခေါဒါရ်မြို့က မြန်မာ-အိန္ဒိယ နယ်စပ်ဝင်ထွက်ပေါက်ကို သြဂုတ်လဆန်းက စပြီး Border Pass စနစ်နဲ့ ဖြတ်သန်း သွားလာခွင့်ပြုတော့မှာဖြစ်ပါတယ်။ ရိခေါရ်ဒါမြို့အုပ်ချုပ်ရေးမှူးက "နယ်စပ်ဂိတ်ကို ခဏပိတ်ပြီး တွေ့ဆုံဆွေးနွေးမှုတွေ လုပ်တယ်။ ခုနားလည်မှုရပြီ။ လာမယ့် သြဂုတ် ၈ ရက်နေ့မှာ မြန်မာ-အိန္ဒိယ နိုင်ငံတကာနယ်စပ် ၀င်ထွက်ပေါက် ဖွင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်သွားဖို့ စီစဉ်နေတာ သိရတယ်" လို့ ပြော ပါတယ်။ ဖွင့်ပွဲ ပြီးတာနဲ့ Border Pass Permit စနစ်(၂) မျိုးတဲ့ BP (Border Pass)စနစ်နဲ့ TBP (Temporary Border Pass) စနစ်နဲ့ ဖြတ်သန်းသွားလာခွင့်ပြုပေးသွားမှာ ဖြစ်တယ်လို့ လည်း သိရပါတယ်။ ရိခေါဒါရ်မြို့ လူဝင်မှု ကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဦးတေဇာလင်းက"BP စနစ်နဲ့က ဖလမ်းခရိုင်ထဲမှာ ၁၄ ရက် ၁၃ ညအိပ်ခွင့်ရမယ်။ TBP စနစ်နဲ့က ၇ ရက် ၆ ည အိပ်ခွင့်ရမယ်။ ချင်းပြည် ဖလမ်းခရိုင်အတွင်းပေါ့။ နောက်ပြီး နိုင်ငံတကာဝင်ပေါက် ထွက်ပေါက်တစ်ခုအဖြစ်လည်း အသုံးပြုနိုင်တော့မှာဖြစ်တယ်"လို့ ပြောပါတယ်။ ခုလို နယ်စပ်ဝင်ထွက်ပေါက်ကို Border Pass စနစ်နဲ့ ဖြတ်သန်း သွားလာခွင့်ပြု့ဖို့အတွက်  ပြီးခဲ့တဲ့ မေလ ၁ဝ ရက်နေ့က မြန်မာ-အိန္ဒိယနှစ်နိုင်ငံ တာဝန်ရှိသူတွေ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့တာ  ဖြစ်ပါတယ်။ ရိဗခါရ်ဒါမြို့ဟာ အိန္ဒိယ-မြန်မာ ကုန်စည်တွေ ကူလူးဖလှယ်ရာ နှစ်နိုင်ငံ ဂိတ်ပေါက်ဖြစ်ပြီး ရိခေါရ်ဒါမြို့မှာရှိတဲ့ အသည်းပုံ ရိဒ်ရေကန်ကို လာရောက် အပန်းဖြေလေ့လာဖို့  အိန္ဒိယနိုင်ငံသားတွေကို နေ့ချင်းပြန် ဝင်ထွက်သွားလေ့ရှိတဲ့ ဒေသလည်း ဖြစ်ပါတယ်။ မင်းရဲစစ်နိုင်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024