ဘာစီလိုနာ နောက်ခံလူ ဒစ်ဂ်နေး အဲဗာတန်ကို ရောက်ပြီ

အခုရာသီ အ​ပြောင်းအ​ရွှေ့ဈေးကွက်​မှာ ကစားသမား​တွေ ဆက်​တိုက်​ဝယ်​ယူ​နေခဲ့တဲ့ အဲဗာတန်​အသင်းက​တော့ ဘာစီလိုနာအသင်းက ကြယ်​ပွင့် ဒစ်​ဂ်နေးကို ပေါင်​ ၁၈ သန်းနဲ့ ခေါ်ယူလိုက်ပါတယ်​။ အသက် ၂၅ နှစ်​အရွယ်​ ​နောက်​ခံလူ ဒစ်​ဂ်နေးဟာ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားမှာ နည်းပြ ဒီဒီယာ ဒက်​စ်​ချမ့်​ရဲ့ အကြိုက်​​တွေ့ကစားသမား မဟုတ်​ခဲ့​ပေမယ့်​ ရိုးမားနဲ့ ဘာစီလိုနာ အစရှိတဲ့ အသင်း​တွေမှာ ကစားခဲ့တဲ့ ဥ​ရောပအ​တွေ့အကြုံရှိ ကစားသမား ဖြစ်​ပါတယ်​။ ဒစ်ဂ်နေးက​တော့ နည်းပြ မာကို​ဆေးလ်​ဗားနဲ့ စကား​ပြောအပြီးမှာ အဲဗာတန်​ကို ပြောင်း​ရွှေ့ဖို့ ဆုံးဖြတ်​ချက်​ချခဲ့တာဖြစ်​ပြီး တကယ့်​ကို ကောင်းမွန်​တဲ့ နည်းပြတဦး ဖြစ်​တယ်​လို့ ပြောပါတယ်​။ ဒါ့အပြင် အသင်းနဲ့ အ​ကောင်းဆုံး ပူး​ပေါင်းပြီး ကြိုးစားသွားမယ်​လို့ ပြောပါတယ်​။ ဒစ်​ဂ်နေးအ​နေနဲ့ အသင်းရဲ့ အဓိက ကစားသမား လေတန်​ဘိန်းစ်​နဲ့ ​ညာ​နောက်​ခံလူ​နေရာအတွက်​ ပွဲထွက်​​နေရာရရှိရေး ယှဉ်​ပြိုင်​ရဖို့ ရှိနေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up