Home
မြန်မာသတင်း
စောင် ၂ ထည် အကြွေးယူမိသည့် အသက် ၇၀ ကျော် အဘွားအို အိမ်အသိမ်းခံရသဖြင့် ဒေသခံများဆန္ဒပြ
မင်းညို
·
August 1, 2018
လွန်ခဲ့တဲ့ ၅ နှစ်ကျော်က စောင်နှစ်ထည်အကြွေးယူမိတာကြောင့် အိမ်အသိမ်းခံရတဲ့ အသက် ၇၀ ကျော် အဘွားအိုအတွက်  တရားမျှတမှုရရှိဖို့ ဒေသခံတွေက တရားရုံးကို ဒီကနေ့ တောင်းဆိုဆန္ဒပြခဲ့ကြပါတယ်။ ၂၀၁၂ ခုနှစ် ဆောင်းတွင်းမှာ ခလေးတွေနဲ့ မိသားစုအေးလွန်းတဲ့လို့ ခြုံစောင်နှစ်ထည် အကြွေးယူမိပြီး အတိုးပေါ်အတိုးဆင့်ကာ ၂၀၁၈ ခုနှစ်မှာ အိမ်နဲ့ခြံကို အသိမ်းခံလိုက်ရတဲ့အထိ ဖြစ်သွားခဲ့ပါတယ်။ အဲဒီတုန်းက စောင်နှစ်ထည် ကို  ၂၀,၀၀၀ကျပ်နဲ့ ဈေးဖြတ်ပြီး ၃၀ တိုးနဲ့ တဖြည်းဖြည်း များလာခဲ့ပြီး နောက်ဆုံးအိမ်အသိမ်းခဲ့ရတဲ့အထိ ဖြစ်သွား တာကြောင့် ဒေသခံတွေက သြဂုတ် ၁ ရက်နေ့မှာ တရားရုံးကို ဆန္ဒပြတောင်းဆိုခဲ့ပါတယ်။ အခုအိမ်က အောက်ချမ်းသာလမ်း သဲကုန်းရပ်ကွက်မှာရှိပြီး အသက် ၇၀ ကျော်အဖွားကြီး တယောက်နဲ့မြေး ၃ ယောက်နေထိုင်ပါတယ်။ အဲဒီချေးငွေရလိုမှုနဲ့  ၂၀၁၃ ခုနှစ်မှာ စတင်တရားစွဲဆိုခဲ့ပြီး ပြန်မပေးနိုင်တာကြောင့် ကြို့ပင်ကောက်မြို့က ပရဟိတအဖွဲ့တွေက စုပြီးငွေ ၁၀ သိန်း သွားပေးခဲ့ ပေမယ့် အကြွေးရှင်က ဒီအမှုကို ကျေအေးမပေးခဲ့ပါဘူး။ ဒီကိစ္စမှာ ချေးငွေကိုစတင်ယူသူက မတရုတ်မ ဖြစ်ပြီး သူက သေဆုံးသွားပါပြီ။ အဲဒီအတွက် ကျန်ရစ်သူ အမေက ဒီအကြွေးအတွက် တရားစွဲခံနေရတာပါ။ အဲဒီလို တရားစွဲနိုင်ဖို့အတွက် အကြွေးရှင် ဒေါ်အိအိခိုင် က ၂၀၁၃ ခုနှစ်မှာ စာရွက်အဖြူပေါ် လက်ဗွေ နှိပ်ခိုင်းပြီး လာယူသွားပါတယ်။ ဒီအမှုကို ၂၀၁၃ မှာ စတင်တရားစွဲခဲ့ပြီး တရားလိုက အခု နေအိမ်နဲ့ခြံကို ငွေ ၅၀၀,၀၀၀ သိန်းနဲ့ဝယ်ယူပြီးသားဖြစ်တယ်ဆိုပြီး အိမ်ကိုရလိုမှုနဲ့ တရားစ စွဲတာလို့ တာဝန်ရှိသူက ဒီဗွီဘီကို ရှင်းပြပါတယ်။ အဲဒီကိစ္စအတွက် ပြီးခဲ့တဲ့ ဇူလိုင် ၂၃ ရက်နေ့က အိမ်ကို အပ်ဝရမ်းကပ်ပြီး ဖယ်ရှားဖို့ တရားရုံးက ကြိုးစားခဲ့ပေမယ့် ပိုင်ရှင်ရဲ့မောင်ဖြစ်သူက အမွေဆိုင်အိမ်ဖြစ်တယ်ဆိုပြီး စာတင်တာကြောင့် ရက်ရွှေ့ဆိုင်းထားလိုက်ပြီး မနက်ဖန် အပြီးသတ်ဆုံးဖြတ်ချက်ချမှာ ဖြစ်ပါတယ်။ ဒီနေ့ဆန္ဒပြပွဲကို အောင်ချမ်းသာလမ်း၊ အောင်သုခလမ်း၊ ဝိပဿနာလမ်း၊ အရှေ့ မြို့ပတ်လမ်း၊ အရှေ့လမ်းမတော်လမ်း၊ ရန်ကုန်ပြည်လမ်းတွေကနေ မြို့နယ်တရားရုံးရှေ့ထိ ချီတက်ဆန္ဒပြခဲ့ကြပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024