DVB Logo
Home
မြန်မာသတင်း
ကရင်နယ်ခြားစောင့်တပ် ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် ပေါက်ကွဲမှုဖြစ်
DVB
·
July 23, 2012
Donate to DVB

ကရင်ပြည်နယ် ဖာပွန်ခရိုင်အတွင်းမှာ အစိုးရတပ်နဲ့ နယ်ခြားစောင့်တပ် မိသားစုတွေ နေထိုင်ဖို့ ဆောက်လုပ်နေတဲ့  ဆောက်လုပ်ရေး လုပ်ငန်းခွင်အတွင်းမှာ ပေါက်ကွဲမှု ဖြစ်ပွားပြီး လူ ၁ ဦး ဒဏ်ရာရရှိသွားပါတယ်။

ကရင်ပြည်နယ် ဖာပွန်ခရိုင် ဒွဲလိုးမြို့နယ် နိုဖောထီးနဲ့ ကတိုင်သစ်ရွာကြားမှာ
မြန်မာအစိုးရ တပ်မ ၁၁ နဲ့ နယ်ခြားစောင့်တပ်အမှတ် ၁၀၁၃ တို့ ပူးပေါင်းပြီး တပ်မိသားစုတွေ နေထိုင်ဖို့ဆိုပြီး  အမျိုးသမီးအိမ်ရာ (အရပ်အခေါ် မိန်းမလိုင်း)  တွေ ဆောက်လုပ်နေတာပါ။

အခုလ ၁၈ ရက်နေ့ မနက်ပိုင်းမှာတော့ အိမ်တွေ တာဝန်ယူ ဆောက်လုပ်ပေးနေတဲ့ ဆောက်လုပ်ရေး ကုမ္ပဏီ ၁ ခုပိုင် ကား ၂ စီး ဖောက်ခွဲခံခဲ့ရပြီး နယ်ခြားစောင့်မိသားစုဝင် အမျိုးသား ၁ ဦး ဒဏ်ရာရသွားတယ်လို့  ကေအန်ယူ ဖာပွန်ခရိုင် တွဲဘက်အတွင်းရေးမှူး ဦးလွဲဂေက ပြောပါတယ်။

“ဒေသခံလူကြီးတွေက ပြောတယ် ဒီစီမံကိန်းကို ဆက်မလုပ်ဖို့၊ ဒါပေမယ့် သူတို့ကတော့ ဇွန်လကတည်းက စတင်လုပ်ဆောင်တယ်။ အဲဒီမှာလာနေကြတဲ့ နယ်ခြားစောင့်တပ်မိသားစုတွေကလည်း ရွာသားတွေရဲ့လယ်မြေကို သိမ်းပြီး ဆောက်တဲ့အတွက် သူတို့လည်း မနေချင်ဘူး။ ဒါကြောင့် သူတို့တွေကပဲ ဆောက်လုပ်ရေး မြေတူးကား ၂ စီးကို သွားဖောက်ခွဲတာ။ ပေါက်ကွဲမှု ဖြစ်တဲ့အတွက် ကေအန်ယူ တပ်မဟာ ၅ က စစ်လာတိုက်တာလို့ ပြောကြတယ်။ အမှန်တော့ ကျနော်တို့တပ်က သွားတိုက်တာ မဟုတ်ပါဘူး။”

ဒီနေရာကို မဆောက်လုပ်ခင် ဒေသခံတွေရဲ့ လယ်ယာမြေနဲ့ ရာဘာခြံ ပေါင်း ၇၆ ဧကကို စစ်တပ်က သိမ်းယူပြီး တည်ဆောက်ခဲ့တာပါ။

ဒီဆောက်လုပ်ရေးလုပ်ငန်းကို ဒေသခံတွေက သူတို့ လယ်ယာမြေတွေကို သိမ်းယူဆောက်လုပ်နေတဲ့အတွက် မကျမနပ်ဖြစ်နေကြသလို နယ်ခြားစောင့်တပ် မိသားစုတွေကလည်း ရွာသားတွေရဲ့ မြေသိမ်းပြီး အိမ်တွေ ဆောက်လုပ်ထားတာကို မလိုလားကြဘူးလို့ ဦးလွဲဂေက ပြောပါတယ်။

ဒါကြောင့် ဒီစီမံကိန်းကို ဆက်မဆောက်ဖို့ ဒေသခံတွေက တင်ပြကြပေမယ့်လည်း ဒီစီမံကိန်းကို ဆက်လက် ဆောက်လုပ်နေခဲ့တာဖြစ်ပြီး  နယ်ခြားစောင့်တပ် မိသားစုတွေကိုလည်း အဆိုပါနေရာကို ပြောင်းရွှေ့ခိုင်းခဲ့ပါတယ်။

အစိုးရနဲ့ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) တို့အကြား အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးပြီးနောက် ခုလို နယ်ခြားစောင့်တပ် မိသားစုတွေကို နေရာရွှေ့ပြောင်းမှု ဖြစ်လာတာပါ။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013