အာဆီယံ ယူ-၁၆ ပြိုင်ပွဲတွင် မြန်မာအသင်း အိမ်ရှင် အင်ဒိုနီးရှားကို ရှုံး (ရုပ်သံဟိုက်လိုက်)

ဓာတ်ပုံ - MFF
အင်ဒိုနီးရှားနိုင်ငံမှာ ကျင်းပနေတဲ့ ၂၀၁၈ အာဆီယံ ယူ-၁၆ ချန်ပီယံရှစ် အမျိုးသားဘောလုံးပြိုင်ပွဲ အုပ်စု က ဒုတိယပွဲစဉ်အဖြစ် မြန်မာအသင်းနဲ့ အိမ်ရှင် အင်ဒိုနီးရှားတို့ မနေ့ညနေက ယှဉ်ပြိုင်ရာ အင်ဒိုနီးရှားအသင်းက ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားပါတယ်။ နှစ်သင်းစလုံး အဖွင့်ပွဲစဉ်တွေမှာ အနိုင်ရထားပြီး နောက်တဆင့် တက်နိုင်ရေး အရေးကြီးတဲ့ပွဲတပွဲ ဖြစ်တာမို့ အနိုင်ရရေး လျှင်လျှင်မြန်မြန် တိုက်စစ်ဆင် ကစားခဲ့ကြပါတယ်။ အဖွင့်ဂိုးကို ပွဲချိန် ၈ မိနစ်မှာ အင်ဒိုနီးရှားအသင်းရသွားပြီး မြန်မာနောက်တန်း ကစားသမားတွေကို လျှင်လျှင်မြန်မြန် ကျော်ဖြတ် သွင်းယူသွားတာပါ။ ပထမပိုင်းမှာပဲ မြန်မာအသင်း အပိုင်ကန်သွင်းခွင့်တွေ ရခဲ့ပေမယ့် ဂိုးတိုင်ထိထွက်တာ၊ တိုက်စစ်မှူးတွေ ဂိုးသွင်းမသေချာတာတွေကြောင့် ချေပဂိုးနဲ့ လွဲခဲ့ရပါတယ်။ အင်ဒိုနီးရှားအတွက် ဒုတိယဦးဆောင်ဂိုးကို ပွဲချိန် ၂၆ မိနစ်မှာ သွင်းယူပေးခဲ့ပါတယ်။ အင်ဒိုနီးရှား ကစားသမားတွေရဲ့ လျှင်မြန်တဲ့ တိုက်စစ်ကို မြန်မာနောက်တန်း လိုက်မမီဘဲ ဖျက်ထုတ်ပုံ အားနည်းတဲ့အတွက် ဦးဆောင်ဂိုးတွေ ပေးလိုက်ရတာ ဖြစ်ပါတယ်။ မြန်မာအသင်းအတွက် တလုံးတည်းသော ချေပဂိုးကိုတော့ ပွဲချိန် ၇၄ မိနစ်မှာ ပယ်နယ်တီမှတဆင့် ဇော်ဝင်းသိန်းက သွင်းယူပေးခဲ့ပါတယ်။ အုပ်စု က တခြားပွဲစဉ်တွေမှာတော့ ဗီယက်နမ်က တီမောကို ၄ ဂိုး ဂိုးမရှိ၊ ကမ္ဘောဒီးယားက ဖိလစ်ပိုင်ကို ၅ ဂိုး ၁ ဂိုးနဲ့ အသီးသီး အနိုင်ရသွားပါတယ်။ အုပ်စု က နှစ်ပွဲစီ ယှဉ်ပြိုင်အပြီးမှာ အိမ်ရှင် အင်ဒိုနီးရှားနဲ့ ဗီယက်နမ်တို့က နှစ်ပွဲစလုံး အနိုင်ရထားပြီး ရမှတ်ဆီနဲ့ အုပ်စု ပထမနဲ့ ဒုတိယနေရာက ဦးဆောင်နေပြီး မြန်မာနဲ့ ကမ္ဘောဒီးယားတို့က တပွဲစီ အနိုင်ရ၊ ၃ မှတ်စီ တူညီပေမယ့် ဂိုးကွာခြားချက် အသာရတဲ့ ကမ္ဘောဒီးယားက အဆင့် ၃ နဲ့ မြန်မာက အဆင့် ၄ မှာ ရပ်တည်နေပါတယ်။ တီမောနဲ့ ဖိလစ်ပိုင်တို့ကတော့ အမှတ်မရသေးဘဲ အဆင့် ၅ နဲ့ ၆ မှာ အသီးသီး ရပ်တည်နေပါတယ်။ မြန်မာအသင်းဟာ အုပ်စု တတိယပွဲစဉ်အဖြစ် လာမယ့် သြဂုတ် ၂ ရက်နေ့ မြန်မာစံတော်ချိန် နေ့လယ် ၂ နာရီခွဲမှာ ဖိလစ်ပိုင်အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up