Home
မြန်မာသတင်း
စစ်တပ်မီဒီယာ အင်တာနက်သတင်းစာမျက်နှာ ထွက်ပေါ်လာ
ရွှေအောင်
·
July 23, 2012
မြန်မာစစ်တပ်ထိန်းချုပ်ထားတဲ့   မီဒီယာတခုဖြစ်တဲ့ မြ၀တီရုပ်သံ သတင်းဌာနကနေ ၀က်ဘ်ဆိုက်နဲ့ လူမှုကွန်ရက် ဖေ့ဘွတ်စာမျက်နှာတွေ အင်တာနက်ပေါ် လွှင့်တင်လာပါတယ်။ မြ၀တီလို့ နာမည်ပေးထားတဲ့ အင်တာနက် ဖေ့စ်ဘွတ်စာမျက်နှာကို အွန်လိုင်းပေါ်မှာ ဒီနေ့ စတင်တွေ့ ရှိရပြီး အဲ့ဒီ အင်တာနက် စာမျက်နှာမှာ ဇူလိုင်လဆန်းပိုင်းက မြန်မာ နယ်မြေထဲ ဖမ်းဆီးရမိတဲ့ ထိုင်းလူမျိုး  သတင်း ဓာတ်ပုံတွေ ဦးဦးဖျားဖျား တင်ထားတာ တွေ့ရပါတယ်။ ဒါ့အပြင် လတ်တလော သမ္မတ ဦးသိန်းစိန်ရဲ့ ထိုင်းနိုင်ငံခရီးစဉ် သတင်းဓာတ်ပုံတွေကို အချိန်နဲ့ တပြေးညီ တင်ပေးနေတာလည်း တွေ့ရပါတယ်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ဇူလိုင် ၁၅၊ ၁၆ ရက် ကလော၊ အောင်ပန်း ခရီးစဉ် ဓာတ်ပုံတွေကို ဝေေ၀ဆာဆာ ဖော်ပြ ထားတာလည်း တွေ့ရပါတယ်။ မြ၀တီ အင်တာနက် စာမျက်နှာဟာ မြ၀တီ ရုပ်မြင်သံကြားနဲ့ မြ၀တီသတင်းစာတို့နဲ့ အတူတူဖြစ်တယ်။ အဲ့ဒီ သတင်းဌာနတွေက သတင်းတွေကိုပဲ ဦးစားပေး တင်ပေးသွားမယ်လို့ စုံစမ်းသိရှိရပြီး၊ အသေးစိတ်ကိုတော့ မသိရသေးပါဘူး။ မြ၀တီရုပ်မြင်သံကြားနဲ့ မြ၀တီသတင်းစာတို့ကို တပ်မတော်က တာဝန်ယူ လုပ်ဆောင်နေတာဖြစ်ပြီး၊ အခု မြ၀တီ အင်တာနက်စာမျက်နှာကိုပါ အင်တာနက်ပေါ်တင် တိုးချဲ့လုပ်ဆောင်လာတာ ဖြစ်ပါတယ်။ အင်တာနက်လိပ်စာတွေကတော့http://www.facebook.com/mwdmedia/info၊http://www.myawady.com.mm http://www.myawady.net.mm တို့ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇွန်လဆန်းပိုင်းလောက်ကစပြီး အစိုးရပိုင်းက နိုင်ငံတော်သမ္မတရုံးဝက်ဘ်ဆိုဒ် http://www.president-office.gov.mm/home၊ လွှတ်တော် အပိုင်းက ပြည်သူ့လွှတ်တော်သတင်းဝက်ဘ်ဆိုဒ်  http://www.pyithuhluttaw.gov.mm တွေ အသီးသီး လွှင့်တင်လာကြတာတွေ့ရပါတယ်။ အဲ့ဒီ အင်တာနက်စာမျက်နှာတွေမှာလည်း သက်ဆိုင်ရာ သမ္မတနဲ့ လွှတ်တော်ဆိုင်ရာ သတင်းတွေ၊ သတင်းဓာတ်ပုံတွေ တွေ့မြင်ဖတ်ရှုရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024