အမေရိကန် အကြီးတန်းသံတမန်နှင့် တာလီဘန် စစ်သွေးကြွခေါင်းဆောင်များ လျှို့ဝှက်တွေ့ဆုံ

အမေရိကန် အကြီးတန်းသံတမန်တဦးနဲ့ တာလီဘန် စစ်သွေးကြွခေါင်းဆောင်တွေဟာ ကာတာနိုင်ငံမှာ လျှို့ဝှက်တွေ့ဆုံခဲ့ကြတယ်လို့ ဘီဘီစီသတင်းမှာ ဖော်ပြထားပါတယ်။ အမေရိကန် ဗဟိုအာရှနဲ့ တောင်အာရှရေးရာဗျူရို အကြီးအကဲ အဲလက်စ်ဝယ်လ်နဲ့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ တာလီဘန် အကြမ်းဖက်အဖွဲ့က တာဝန်ရှိသူတွေက ပြောကြားပါတယ်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက အဲလက်စ်ဝယ်လ် ကာတာနိုင်ငံကို သွားရောက်ခဲ့ပြီး အာဖဂန်နစ္စတန် ငြိမ်းချမ်းရေးအတွက် အစိုးရတာဝန်ရှိသူတွေနဲ့ ဆွေးနွေးခဲ့တယ်လို့သာ အတည်ပြု ပြောကြားခဲ့ပါတယ်။ အခုလျှို့ဝှက်တွေ့ဆုံပွဲမှာ အာဖဂန်နစ္စတန်အစိုးရ တာဝန်ရှိသူတွေ ပါဝင်ခြင်းမရှိဘဲ အမေရိကန်နဲ့ တာလီဘန် စစ်သွေးကြအဖွဲ့ တာဝန်ရှိသူတွေသာ ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။ အမေရိကန် အခုတွေ့ဆုံဆွေးနွေးမှုမှာ နှစ်ဖက် ဆက်သွယ်ရေးလမ်းကြောင်း တည်ဆောက်ဖို့နဲ့ နောက်ထပ် ဆွေးနွေးမှုတွေလုပ်ဖို့ အကြိုတွေ့ဆုံတာ ဖြစ်တယ်လို့ တာလီဘန်စစ်သွေးကြွအဖွဲ့ တာဝန်ရှိသူတဦးက ပြောကြားခဲ့ပါတယ်။ အမေရိကန်အစိုးရက စက်တာဘာ ၁၁ အကြမ်းဖက် တိုက်ခိုက်ခံရအပြီး ၂၀၀၁ ခုနှစ်က အာဖဂန်နစ္စတန်နိုင်ငံကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး တာလီဘန်အစိုးရကို ဖြုတ်ချခဲ့တာလည်း ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up