အောင်ဘာလေထီရောင်းချမှု ကျပ်သိန်းပေါင်း ၇ သောင်းကျော် အခွန်ရရှိ
ပိုင်စိုး
·
July 31, 2018
အခုနှစ် ဇူလိုင်လထဲမှာ အစိုးရ အောင်ဘာလေထီရောင်းချတာကနေ ကျပ်သိန်းပေါင်း ၇ သောင်းကျော် အခွန်ငွေအဖြစ်ရတယ်လို့ ပြန်ကြားရေး သတင်းစဉ်မှာ ဖော်ပြပါတယ်။
၁၇ ကြိမ်မြောက် ကျပ် ၅၀၀ တန်အောင်ဘာလေထီကို အုပ်ရေပေါင်း ၃,၆၈၁,၈၁၀ ရောင်းချခဲ့ရတာပါ။
ဒါကြောင့်ရောင်းရငွေ စုစုပေါင်းက ကျပ်သိန်းပေါင်း ၁၈၀,၀၀၀ ကျော်ရှိပြီး ဒီထဲက ၄၀ ရာခိုင်နှုန်းကို အခွန်ငွေအဖြစ်ယူကာ ကျန်တဲ့ ၆၀ ရာခိုင်နှုန်းကို ဆုငွေအဖြစ် ထီဖွင့်ပေးတာပါ။
မနက်ဖြန် သြဂုတ် ၁ ရက်နေ့မှာ ခွဲဝေပေးမယ့် ဆုငွေက ကျပ်သိန်းပေါင်း ၇၃၆၄၀ ကျော် ဖြစ်ပါတယ်။ ဒီလမှာ က အက္ခရာကနေ အ အထိ၊ ကက ကနေ ကဌ အထိ အက္ခရာအလုံးရေ ၄၅ လုံး ထုတ်ဝေရောင်းချထားတယ်လို့ သိရပါတယ်။
ကျပ်သိန်း ၁၀၀နဲ့အထက် ကံထူးသူတွေကို သြဂုတ် ၂ ရက်ကစပြီး ဆုငွေ ထုတ်ပေးသွားမှာ ဖြစ်သလို သိန်း ၁၀၀ အောက် ကံထူးရှင်တွေကိုတော့ သြဂုတ် ၁၃ ရက်က စပြီး ရန်ကုန်နဲ့ မန္တလေးက အောင်ဘာလေသိန်းဆုဌာနခွဲရုံးတွေမှာ ထုတ်ပေးသွားမယ်လို့ ဆိုပါတယ်။