Home
မြန်မာသတင်း
ရေကြီးမှုကြောင့် ပဲခူးမြို့အဝင် တိုးဂိတ်တွင် မော်တော်ယာဉ်များပိတ်ဆို့နေ
ထွန်းထွန်းသိန်း
·
July 30, 2018
38086035_1063688957140351_442639110482427904_n
38071608_1876441225753681_7708158079346409472_o
37998765_1876441152420355_8558953562669842432_o
37958679_1946559002071290_8584911821020856320_o
37962386_1876571022407368_8113207704773722112_o
ပဲခူးမြစ်ရေကြီးမှုကြောင့်  လမ်းပန်းဆက်သွယ်ရေး အခက်တွေ့နေပြီး ပဲခူးမြို့အဝင် တိုးဂိတ်နေရာက စလို့  ခရီးသည်တင်ယာဉ်တွေနဲ့ ကုန်တင်ကားတွေ အပါအ၀င် ကားတွေ ပိတ်ဆို့နေပါတယ်။ ကားငယ်တချို့ သွားရောက်လို့မရဘဲ လှေငယ်တွေက တဆင့် လူတဦး ၅၀၀ ကျပ်နှုန်းနဲ့ တိုးဂိတ် ကျော်တဲ့ အထိ သွားရောက်နေကြရတယ်လို့ ဒေသခံတွေပြောပါတယ်။ ပဲခူးမြစ်ရေ မြင့်တက်လာမှုကြောင့် ပဲခူးမြို့မှာ ပြည်သူ ၂၅,၀၀၀ လောက် ရေဘေး ဒဏ်ခံစားနေရပြီး မြို့ပေါ်ရပ်ကွက်တွေမှာ  ကူညီကယ်ဆယ်ရေးစခန်းတွေ ဖွင့်လှစ်ထား ကူညီပေးထားရပါတယ်။ ရေဘေးသင့်သူတွေအတွက် အလှူရှင်များအဖွဲ့ကနေ ပဲခူးမြို့ကလိကျေးရွာ ရေဘေးသင့်သူတွေအတွက် ဆန်အိတ် ၃၂ အိတ်၊  ရေသန့်ဘူး ၁၀၀၀ နီးပါးနဲ့ ငွေကျပ် ၁၀၅၀၀၀၀ ကျပ် တန်ဖိုးရှိတဲ့ ပစ္စည်းတွေကို ဒီကနေ့ သွားရောက် လှူဒါန်းခဲ့ပါတယ်။ ပဲခူးမြစ်နဲ့ စစ်တောင်းမြစ်ရေဟာ နှစ်ပေါင်း ၅၀ ကျော်ကာလအတွင်းမှာ အမြင့်ဆုံး ရေမှတ်ကို ရောက်ရှိခဲ့တာဖြစ်ပြီး မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနသာင်္ရီတိုင်း၊ ပဲခူးတိုင်း တွေမှာ ရေကြီးမှုကြုံနေရတယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024