DVB Logo
Home
Lead Story
မြင့်မြတ်နှင့် ဝတ်မှုန်ရွှေရည်ပါဝင်သည့် မင်္ဂလာကုတင်ဟာသရုပ်ရှင်နမူနာ ကြည့်ရှုသူ ၄ သန်းရှိ (ရုပ်သံ)
DVB
·
July 30, 2018
မြင့်မြတ်နှင့် ဝတ်မှုန်ရွှေရည်ပါဝင်သည့် မင်္ဂလာကုတင်ဟာသရုပ်ရှင်နမူနာ ကြည့်ရှုသူ ၄ သန်းရှိ (ရုပ်သံ)
Donate to DVB

    နာမည်ကြီး သရုပ်ဆောင်မင်းသားမင်းသမီးတွေဖြစ်ကြတဲ့ မြင့်မြတ်နဲ့ ဝတ်မှုန်ရွှေရည်တို့ ခေါင်းဆောင်ပါဝင်ထားကြတဲ့ မင်္ဂလာကုတင်ရုပ်ရှင်ကားဟာ အွန်လိုင်းပေါ်မှာ ဝင်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ ၄ သန်းရှိနေခဲ့ပါတယ်။

ဒီကားကတော့ မြန်မာဟာသရုပ်ရှင်ကားတကားဖြစ်ပြီး လပ်ကီးဆဲဗင်းရုပ်ရှင် ထုတ်ရေးက စီစဉ်ကာ ဒါရိုက်တာ ကိုဇော်(အရုဏ်ဦး)က ပုံဖော်ရိုက်ကူးထားတာ ဖြစ်ပါတယ်။

    ကျေးလက်သဘာဝအလှအပတွေ၊ အချစ်ဟာသရိုက်ချက်တွေနဲ့ ပုံဖော်ရိုက်ကူးထားတဲ့ ဒီရုပ်ရှင်ကားထဲမှာတော့ မြင့်မြတ်၊ ဝတ်မှုန်ရွှေရည်တို့နဲ့အတူ တခြားသရုပ်ဆောင်တွေဖြစ်ကြတဲ့ ကျော်ကျော်ဗို၊ ခင်ဇာခြည်ကျော်၊ ခင်လှိုင်တို့နဲ့ ဟာသသရုပ်ဆောင်တွေလည်း အများကြီး ပါဝင်ထားကြတာပါ။  

ဂျင်းကောင်လို့ ပရိသတ်တွေက ချစ်စနိုးနာမည်ပေးထားတဲ့ မြင့်မြတ်ဟာ လတ်တလော မှာ ရုပ်ရှင်ကားကြီးတွေ ခပ်စိပ်စိပ်ထွက်ရှိနေတာဖြစ်ပြီး ဝတ်မှုန်ရွှေရည်ကလည်း ပရိသတ် အခိုင်အမာရှိပြီး ဖြစ်တာမို့ ဒီကားထဲမှာ သူတို့ ၂ ယောက် ဘယ်လို သရုပ်ဆောင်ထား ကြမလဲဆိုတာကိုတော့ ပရိသတ်တွေက မကြာခင်မှာ ရှုစားကြရတော့ မှာ ဖြစ်ပါတယ်။

ဒီရုပ်ရှင်ကားနမူနာကိုတော့ ပြီးခဲ့တဲ့ ဇူလိုင်လ ၁၈ ရက်နေ့တည်းက ဖေ့စ်ဘွတ်ခ် အင်တာနက်လူမှုကွန်ရက်စာမျက်နှာပေါ်မှတဆင့် မျှဝေခဲ့တာဖြစ်ပြီး ဝင်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ ၄ သန်း ရှိနေခဲ့ပြီ ဖြစ်ပါတယ်။

ဒီကားကိုတော့ လာမယ့် သြဂုတ်လ ၁ဝ ရက်နေ့မှာ ရုံတင်ပြသသွားမှာ ဖြစ်ပါ တယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013