ဂျာမန်အိုးပန်းတင်းနစ်ပြိုင်ပွဲတွင် ဘာစီလပ်ရှ်ဗီလီ အနိုင်ရဗိုလ်စွဲ

မနေ့က ယှဉ်ပြိုင်သွားတဲ့ ဂျာမန်အိုးပန်း တင်းနစ်ပြိုင်ပွဲ ဗိုလ်လုပွဲမှာ ဂျော်ဂျီယာက နီကိုလပ် ဘာစီလပ်ရှ်ဗီလီက လီယိုနာဒို မေယာကို အနိုင်ရပြီး ချန်ပီယံ ဖြစ်သွားပါတယ်။ ဂျော်ဂျီယာနိုင်ငံသား ဘာစီလပ်ရှ်ဗီလီဟာ ကမ္ဘာ့အဆင့် ၈၁ ဖြစ်ပါတယ်။ ပထမပွဲကို အသက် ၂၆ နှစ်အရွယ် ဂျော်ဂျီယာနိုင်ငံသားက ခက်ခက်ခဲခဲ ယှဉ်ပြိုင်ရပြီး ၆-၄ နဲ့ အနိုင်ယူခဲ့ပါတယ်။ ဒုတိယပွဲမှာတော့ အသက် ၃၁ နှစ်အရွယ် အာဂျင်တီးနားနိုင်ငံသား မေယာက လက်စွမ်းပြပြီး အမှတ်ဖြတ် ၆-၀ နဲ့ ပြန်လည်အနိုင်ရသွားပါတယ်။ နောက်ဆုံးပွဲမှာ အကြိတ်အနယ်ရှိခဲ့ပြီး ဘာစီလပ်ရှ်ဗီလီက ၇-၅ နဲ့ အနိုင်ရသွားတာပါ။ ဂျော်ဂျီယာနိုင်ငံသား ဘာစီလပ်ရှ်ဗီလီအတွက်တော့ ပထမဆုံးအကြိမ်အဖြစ် ဂျာမန်အိုးပန်း ချန်ပီယံဆုကို ဆွတ်ခူးနိုင်တာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up